တောင်ကိုရီးယားဆေးရုံ၌ မီးလောင်ကျွမ်းမှုဖြစ်ပွား၍ လူပေါင်း ၃၁ဦးထက်မနည်းသေဆုံး

တောင်ကိုရီးယားဆေးရုံ၌ မီးလောင်ကျွမ်းမှုဖြစ်ပွား၍ လူပေါင်း ၃၁ဦးထက်မနည်းသေဆုံး

 

ဆိုးလ်၊ ဇန်နဝါရီ ၂၆ ။           ။ တောင်ကိုရီးယားနိုင်ငံ မီလ်ယန်းမြို့မှ ဆေးရုံတစ်ရုံတွင် သောကြာနေ့၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သောကြောင့် လူပေါင်း ၃၁ဦးထက်မနည်းသေဆုံးကာ လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

မီးသတ်သမားများသည် အဆိုပါမီးကို ၁ နာရီနှင့်မိနစ် ၄၀ခန့်ကြာအောင် ငြိမ်းသတ်ခဲ့ရပြီး မီးလောင်ကျွမ်းချိန် တွင် ဆေးရုံအတွင်း၌ လူပေါင်းတစ်ရာခန့်ရှိနေကြောင်း အာဏာပိုင်များက ပြောဆိုခဲ့သည်ဟု ယွန်ဟပ်သတင်း အေဂျင်စီက သတင်းတင်ပြခဲ့သည်။

အဆိုပါမီးသည် ဒေသစံတော်ချိန် မနက် ရး၃၀ နာရီခန့်တွင် ဆီဂျောင်ဆေးရုံ၏ ပင်မအဆောက်အဦးမှ ပထမ ထပ်ရှိ အရေးပေါ်အခန်းထဲ၌ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုဆေးရုံသည် အသက်ကြီး လူနာများကို ပြုစုစောင့်ရှောက်ဖို့ ခုတင် ၉၈ လုံးအပါအဝင် စုစုပေါင်း ၁၉၃ ခုတင်ဆန့်သည့် ဆေးရုံကြီးတစ်ခု ဖြစ်ပြီး ဝန်ထမ်း ၃၅ ဦးဖြင့် လည်ပတ်နေသော   ဆေးရုံဖြစ်သည်ဟု ယိုဟပ်သတင်းအေဂျင်စီက ဆိုခဲ့သည်။

ဒါ့အပြင် သေဆုံးသူအရေတွက် ၃၃ ဦးအထိမြင့်တက်လာပြီဟု ယင်းသတင်းအေဂျင်စီကဆိုခဲ့သော်လည်း အာဏာပိုင်များဘက်မှ အတည်မပြုနိုင်သေးကြောင်း သိရသည်။

ထို့အတူ အာဏာပိုင်များသည် မီးလောင်ကျွမ်းရသည့် အဓိကအကြောင်းရင်းကို စတင်စုံစမ်းနေပြီဟု သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly