ဘန်ကောက်၊ ဇန်နဝါရီ ၂၂ ။ ။ ထိုင်းနိုင်ငံက မတည်မငြိမ်ဖြစ်နေသော တောင်ပိုင်းဒေသရှိ လူစည်ကားရာ ဈေးတစ်ဈေးတွင် ဇန်နဝါရီ ၂၂ ရက်က မော်တော်ဆိုင်ကယ်ဗုံး ပေါက်ကွဲရာ အရပ်သား သုံးဦးသေဆုံးပြီး နှစ်ဒါဇင်ထက်မနည်း ဒဏ်ရာရသည်။
လများစွာအတွင်း မွတ်စလင်အများစု တောင်ပိုင်းနယ်မြေတွင် အရပ်သားပစ်မှတ်များကို သံသယရှိ စစ်သွေးကြွများ ဦးဆုံးတိုက်ခိုက်လာမှု တစ်ရပ်ပဲ ဖြစ်သည်။
မလေးရှားနှင့် နယ်ချင်းကပ်ရှိရာ တောာင်းပိုင်းဒေသသည် နိုင်ငံယဉ်ကျေးမှုနှင့် သီးခြားကွဲပြားမှု ရှိနေရာဖြစ်ပြီး ထိုင်းအုပ်ချုပ်ရေးမှ ခွဲထွက်သည့် ပုန်ကန်ခြားနားမှု ရှိနေရာ ၂၀၀၄ ခုနှစ်မှစပြီး အရပ်သားအများစုအပါအဝင် လူပေါင်း ၇၀၀၀ နီးပါး သေဆုံးထားပြီးဖြစ်သည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ထိုင်းစစ်အစိုးရ၏ နယ်မြေလုံခြုံရေး တင်းကြပ်ခြင်းတို့ကြောင့် ခွဲထွက်ရေး သောင်းကျန်းပုန်ကုန်မှုများ ၁၃ နှစ်တာ ကာလအတွင်း၂၀၁၇ ခုနှစ်တွင် သေဆုံးသူ ၂၃၅ ဦးဖြင့် အနိမ့်ဆုံး ကျဆင်းခဲ့သည်။
သို့သော် ယာလာမြို့တွင် ဗုဒ္ဓဘာသာနှင့် မွတ်စလင်များ ရောထွေးရှိနေရာ ဈေးအတွင်း ယခုဖြစ်ပွားသော ဗုံးကွဲမှုသည် စစ်သွေးကြွများအနေဖြင့် အရပ်သားများအပေါ် ပို၍ ပစ်မှတ်ထားတိုက်ခိုက်လာခြင်းကို ပြသလျက်ရှိနေသည်။
“ယာလာမြို့ထဲ ဈေးက ဆိုင်တစ်ဆိုင်ရှေ့မှာ သံသယရှိသူတွက မော်တော်ဆိုင်ကယ်ကို ပါကင်ထိုးခဲ့တာပါ။ ဒီနောက် ဆယ်မိနစ်အကြာမှာ ပေါက်ကွဲမှု ထဖြစ်တာပါပဲ။”ဟု ရဲဌာနမှ အမည်မဖော်သူတစ်ဦးက အေအက်ဖ်ပီသို့ ပြောခဲ့သည်။
သေဆုံးသူများတွင် နှစ်ဦးက ဗုဒ္ဓဘာသာဖြစ်ပြီး တစ်ဦးမှာ မွတ်စလင်ဖြစ်ကာ ဒဏ်ရာရသူက ၂၄ ဦး ရှိကြောင်း မြို့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးအရ သိရသည်။