ဟောင်ကောင်ရှိ ဇိမ်ခံဟော်တယ်တစ်လုံး၌ နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွား

ဟောင်ကောင်ရှိ ဇိမ်ခံဟော်တယ်တစ်လုံး၌ နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွား

ဟောင်ကောင်၊ တရုတ်၊ ဇန်နဝါရီ ၁၄ ။               ။ ဟောင်ကောင်မြို့ရှိ ရစ်ဇ်ကာလ်တွန် ဇိမ်ခံဟော်တယ်၌ တနင်္ဂနွေနေ့တွင် နှစ်လောင်းပြိုင်လူသတ်မှုတစ်ခုဖြစ် ပွားခဲ့ပြီး အမျိုးသမီးတစ်ဦးနှင့် ယောင်္ကျားကလေးတစ်ဦး သေဆုံးခဲ့သည့်ယင်းဖြစ်စဉ်အတွက် သံသယရှိရသူ နိုင်ငံခြားသားအမျိုးသားတစ်ဦးကို ဟောင်ကောင်ရဲများက ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ သည်။

တနင်္ဂနွေနေ့မနက်အစောပိုင်းတွင် ယင်းဟော်တယ်အတွင်း၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရန်ဖြစ် နေကြသည်ဟု သတင်းရရှိသောကြောင့် ရဲအရာရှိများသည် ထိုဟော်တယ်သို့ အလျင်အမြန်ရောက်ရှိလာခဲ့ကြ သည်။

ရဲအရာရှိများရောက်ရှိချိန်တွင် အမျိုးသမီးတစ်ဦးနှင့် ယောင်္ကျားကလေးတစ်ဦးတို့ သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရ ပြီး လူသတ်မှုအတွက် သံသယရှိရသူအမျိုးသားကို ဖမ်းဆီးကာ ဆေးရုံသို့ ကနဦးပို့ဆောင်ခဲ့သည်။

ထိုလူသုံးဦးကြားမှ ပက်သက်ဆက်နွယ်မှုကို ရဲတပ်ဖွဲ့က အတည်ပြုခဲ့ခြင်းမရှိသော်လည်း သူတို့အားလုံးမှာ နိုင်ငံခြားသားများဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေသတွင်းသတင်းစာ အက်ပဲလ်ဒေးလီးဟုအဆိုအရ ကိုရီးယားနိုင်ငံသားများဖြစ်ကြသော အသက် ၄၀ ခန့် ရှိသည့် စုံတွဲတစ်တွဲနှင့် ၎င်းတို့၏ ၇ နှစ်အရွယ် သားယောင်္ကျားလေးတစ်ဦးတို့သည် လွန်ခဲ့သောရက်အနည်း ငယ်ခန့်က ယင်းဟော်တယ်၌ လာရောက်တည်းခိုနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရစ်ဇ်ကာလ်တွန်ဟော်တယ်မှ တာဝန်ရှိသူများကမူ သတင်းသမားများ၏ ဆက်သွယ်မေးမြန်းချက်အား ဖြေဆိုခြင်းမရှိကြောင်း သိရသည်။

ရစ်ဇ်ကာလ်တွန်ဟော်တယ်သည် ဟောင်ကောင်၏ အမြင့်ဆုံးမိုးမျှော်တိုက်ကြီးဖြစ်သော အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုစင်တာ (ICC) ၏ အပေါ်ထပ်တွင်တည်ရှိပြီး မြို့တစ်ခုလုံးနှင့် ဗစ်တိုးရီးယားဆိပ်ကမ်းကို အပေါ်စီးမှ မြင်ကွင်းကျယ်ကျယ်နှင့် ကြည့်ရှုနိုင်သောကြောင့် နာမည်အလွန်ကြီးသော ဟော်တယ်တစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly