ဗလင်စီယာအသင်းဟာ အာဆင်နယ်အသင်းမှ ပြင်သစ်ကွင်းလယ်ကစားသမား ဖရန်စစ် ကိုကွီလင်ကို ခေါ်ယူစာချုပ်သွားမှာဖြစ်တယ်လို့ နည်းပြ အာဆင်ဝင်းဂါးက အတည်ပြုပြောဆိုလိုက်ပါတယ်။
၂၀၀၈ ခုနှစ်က လူငယ်ကစားသမားတစ်ဦးအဖြစ် အာဆင်နယ်အသင်းသို့ ရောက်ရှိခဲ့သူ အသက် ၂၆ နှစ်အရွယ်ရှိ ကိုကွီလင်ဟာ ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းနဲ့ ဗလင်စီယာအသင်းသို့ ပြောင်းရွှေ့သွားမှာဖြစ်တယ်လို့ သိရပါတယ်။
သူဟာ ပရီးမီးယားလိဂ်မှာ ၁၀၅ ပွဲ ကစားခဲ့ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလက အာဆင်နယ်အသင်းမှာ စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်းကို သရေကျခဲ့တဲ့ ကာရာဘောင်းဖလား (EFL ဖလား) ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ အာဆင်ဝင်းဂါးက ကစားသမားရဲ့ အပြောင်းအရွှေ့ကို အတည်ပြုခဲ့ပါတယ်။
“သူ ဗလင်စီယာအသင်းကို ပြောင်းရွှေ့မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ဒီရာသီ ကျနော်တို့နဲ့ ပွဲကစားခွင့် လုံလုံလောက်လောက် မရှိခဲ့တာကြောင့်ပါ။ သူမှာ အခွင့်အရေးရှိခဲ့ပါတယ်။ ကျနော်တို့ သူ့ကို သွားခွင့်ပြုခဲ့ပါတယ်။”လို့ ဝင်းဂါးက ပြောပါတယ်။
Ref; BBC