အိန္ဒိယမှာ စားသောက်ဆိုင်တစ်ခု မီးလောင်မှုဖြစ်ပွားပြီး အိပ်ပျော်နေသည့် ဆိုင်ဝန်ထမ်း ငါးဦး သေဆုံး

အိန္ဒိယမှာ စားသောက်ဆိုင်တစ်ခု မီးလောင်မှုဖြစ်ပွားပြီး အိပ်ပျော်နေသည့် ဆိုင်ဝန်ထမ်း ငါးဦး သေဆုံး

ဇန်နဝါရီ ၈ ။             ။ အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ဇန်နဝါရီ ၈ ရက် မနက်အစောပိုင်းက စားသောက်ဆိုင် မီးလောင်ကျွမ်းမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ဆိုင်ဝန်ထမ်း ငါးဦး သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ယင်းနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်နှစ်ပတ်လောက်ကမှပဲ အလားတူ စားသောက်ဆိုင်မီးလောင်ကျွမ်းမှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံးထားခဲ့ရပါသေးတယ်။

ယခုတစ်ကြိမ် နိုင်ငံတောင်ပိုင်း ဘန်ဂလိုမြို့က ကိုင်လက်ရှ် စားသောက်ဆိုင်မှာ ဖြစ်ခဲ့တဲ့ မီးလောင်ကျွမ်းမှုကတော့ လျှပ်စစ်ဝါယာရှော့ဖြစ်မှုကနေ စတင်လောင်ကျွမ်းခြင်း ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ယခု ဖြစ်စဉ်မှာ မီးလောင်နေစဉ် အိပ်ပျော်နေခဲ့ကြတဲ့ ဆိုင်ဝန်ထမ်းတွေ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ဘန်ဂလို ရဲတပ်ဖွဲ့ လက်ထောက်ရဲမင်းကြီး အမ် အန် အနူချက်သ်က သတင်းထောက်တွေကို ပြောသွားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်တုန်းက လည်း မွမ်ဘိုင်းမြို့  စားသောက်ဆိုင်တစ်ခုမှာလည်း အလားတူ မီးလောင်မှုဖြစ်စဉ်တစ်ခု ဖြစ်ပြီး ၁၄ ဦး သေဆုံးသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly