ပိုက်ဆံအများကြီးလဲမသုံးချင်ဘူး။ အလယ်အလတ်တန်းထဲက ဘယ်လိုစမတ်ဖုန်းမျိုး ဝယ်ကြမလဲ?

.

 

ယနေ့မျက်မှောက်ခေတ်လို အိုင်တီခေတ်ကြီးမှာ အမှီလိုက်နိုင်ဖို့ဆိုရင် ဘာတွေလိုအပ်လဲ ???

မရှိမဖြစ်လိုအပ်တာကို ပြောပါဆိုရင် လူတိုင်းလက်ထဲမှာမရှိမဖြစ်ကိုင်ဆောင်ထားတတ်တဲ့ ဖုန်းတွေပဲပေါ့ .. ဖုန်းတွေထဲမှာမှ အခုနောက်ပိုင်းမှာမှ ကျွန်မတို့အတွက်ကတော့ အလွယ်ကူဆုံးနဲ့ အသုံးဝင်တဲ့ Touchscreen ဖုန်းတွေပဲပေါ့ .. နေရာတိုင်း၊ အချိန်တိုင်း၊ မိသားစုတိုင်း၊ ကုမ္ပဏီတိုင်းမှာ မရှိမဖြစ်လိုအပ်ပြီး သုံးစွဲနေရတာတွေက လက်ကိုင်ဖုန်းတွေပါပဲ .. ဖုန်းတွေနဲ့ပဲ အချင်းချင်းဆက်သွယ်ရေးတွေ လုပ်ကြတယ် .. အနေဝေးကြတဲ့ လူတွေဆိုရင်လည်း ဖုန်းတွေနဲ့သာ ဆက်သွယ်ရေးတွေ လုပ်ကြရတာပေါ့ .. ယနေ့ခေတ်လူငယ်အများစုရဲ့ လက်ထဲတွင် တွေ့ရမှာပါ .. ဖုန်းကို လက်ကမချတမ်း သုံးစွဲနေကြတာကို .. သူတို့လေးတွေ ဘာတွေလုပ်နေကြတာလဲ ????

 ဖုန်းတွေနဲ့ပဲ ဂိမ်းတွေဆော့တယ် ဖုန်းတွေနဲ့ပဲ အင်တာနက်တွေသုံးကြတယ် ဖုန်းတွေနဲ့ပဲ ရုပ်ရှင်တွေ ကြည့်တယ် သီချင်းတွေနားထောင်ကြတယ် … Facebook ကို နေ့ညမရွေး ပွတ်နေတတ်ကြတယ်လေ .. ဒီတော့ လူတိုင်းလိုအပ်နေကြတာကတော့ ဖုန်းတွေပဲလေ .. အခုလိုတိုးတတ်လာနေတဲ့ ခေတ်မှာမှ မိမိကိုယ်တိုင် စိတ်ကြိုက်လိုချင်တဲ့ ဖုန်းအမျိုးအစားတွေလည်း ရွေးချယ်ဝယ်ယူနိုင်တယ်လေ .. ဖုန်းတွေကို အဓိက ကြည့်ပီး ၀ယ်ကြရင်တော့ ဒီဇိုင်းလှလှ ကာလလှလှ Screen ကြီးကြီးပေါ့ .. အော် နောက်ပီး အဓိကကတော့ ကင်မရာပဲလေ .. ဓာတ်ပုံလေးတွေလှလှရိုက်နိုင်ဖို့ဆိုရင်တော့ ဖုန်းရဲ့ ကင်မရာ Quality က အရမ်းကို အရေးကြီးတယ်လေ .. ဈေးလည်း အရမ်းမကြီး  အလယ်အလတ်လောက်မှာရှိတဲ့ ဈေးနှုန်းနဲ့ Brand ကောင်းကောင်းကို ကိုင်ချင်တဲ့သူတွေအတွက် Huawei nova 2i လေးကိုတော့ မိတ်ဆက်ပေးချင်ပါတယ် …

Huawei nova 2i ဖုန်းဟာဆိုရင်ဖြင့် ဒီဇိုင်းပိုင်းဆိုရင် လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်စေပါတယ် .. ကာလာအမျိုးအစားမှာလည်း Prestige Gold နဲ့ Graphite Black ဆိုတဲ့အရောင်နှစ်ရောင်အပြင် Aurora Blue ဆိုတဲ့ အပြာရောင်အသစ်ကိုပါ ရွေးချယ်နိုင်မှာဖြစ်ပါတယ်….. ကိုယ်ကြိုက်နှစ်သက်တဲ့ ကာလာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ် …  ဖုန်းရဲ့ မျက်နှာပြင်အကျယ်ဟာလည်း 5.9လက်မ ရှိတဲ့ အတွက် screen ကြီးကြီးကြိုက်တဲ့သူတွေအတွက် သင့်တော်တဲ့ ဖုန်းတစ်လုံးပါပဲ .. screen ကြီးတဲ့အတွက် အင်တာနက်ပဲသုံးသုံး ဂိမ်းပဲဆော့ဆော့ ရုပ်ရှင်ပဲကြည့်ကြည့်  ဖုန်းနဲ့ပဲ စာဖတ်ဖတ် အဆင်ပြေပါတယ် ..  ဖုန်းဆိုရင် ပါးပါးပဲကြိုက်တဲ့လူတွေအတွက်ကတော့ HUAWEI nova 2i ကတော့ 7.5 mm အထူသာ ရှိတဲ့အတွက် ပါးလွှာတဲ့ ဖုန်းတစ်လုံးပါပဲ …  ဖုန်းလေးက ပါးတဲ့အတွက် စတိုင်လ်လည်းမိတယ် အိတ်ထဲပဲထည့်ထည့် ဘောင်းဘီအိတ်ထဲပဲ ထည့်ထည့် ပါးလွှားတဲ့အတွက် ကျွန်မအတွက်ကတော့ အကြိုက်ပဲပေါ့ရှင် … အခုလူငယ်တွေကြားထဲမှာ ဖုန်းနံပါတ်တွေဟာလည်း တစ်ခုတည်းမဟုတ်တော့ဘူးလေ .. နံပါတ်ကို နှစ်မျိုးလောက်ကိုင်နေကြတာဆိုတော့ ဒီဖုန်းလေး အဆင်ပြေပြန်ရော် .. HUAWEI nova 2i က Sim ကဒ်ကို နှစ်ကဒ်ထည့်လို့ရတယ်ဆိုတော့ နံပါတ်နှစ်လုံးကိုင်သူတွေအတွက်တော့ အဆင်ပြေတာပေါ့နော် … ဟော အရေးကြီးဆုံးအချက် ????

 အဲ့အချက်ကတော့ ဖုန်းမှာပါဝင်တဲ့ ဖုန်းကင်မရာပဲပေါ့နော် .. အခုခေတ်မှာက ဘာလေးပဲလုပ်လုပ် ကင်မရာလေးရိုက် Facebook တို့ Instagram တို့မှာ အချိန်နဲ့ တပြေးညီ တင်နိုင်ဖို့ဆိုတာကလည်း လိုအပ်လာပြီလေ … အဲ့တော့ ဖုန်းတစ်လုံးမှာ မရှိမဖြစ်လိုအပ်တဲ့ ကင်မရာအတွက်ဆိုရင်တော့ Huawei nova 2i ကတော့ ရှယ်ပဲနော် … သူ့ရဲ့ ထူးခြားစွာပါဝင်မှုကတော့ ကင်မရာ ၄ လုံးပါဝင်တာပါပဲ …. ကင်မရာလေးလုံး ပါဝင်တဲ့အတွက် ပြည်တွင်းမှာ ပထမဆုံး ဖုန်းတစ်လုံးလို့တောင် ပြောလို့ရပါတယ် … ကင်မရာလေးလုံးဆိုတော့ အံ့သြစရာပဲပေါ့နော် .. ဘယ်လိုမျိုးလဲဆိုတော့ အရှေ့ကင်မရာ နှစ်လုံးနဲ့ အနောက်ဘက်မှာ ကင်မရာနှစ်လုံး ပါဝင်တာဖြစ်ပါတယ် … ရှေ့ကင်မရာဟာဆိုရင်တော့ 13M + 2M ရှိပြီး အနောက်ဘက်ကင်မရာမှာဆိုရင်တော့ 16M + 2M ထိ အသုံးပြုလို့ရတဲ့ ကင်မရာအရည်အသွေးကောင်းမွန် လှတဲ့ Huawei nova 2i ဖြစ်ပါတယ် … Resolution အနေနဲ့ဆိုရင်လည်း 2160x1080 ရှိတဲ့ Quality ကောင်းမွန်တဲ့ ဖုန်းတစ်လုံးပါပဲ … ဈေးနှုန်းဟာဆိုရင်လည်း လူတိုင်းသုံးစွဲနိုင်တဲ့ ပမာဏလောက်သာ ရှိတာဖြစ်တဲ့အတွက် ကျွန်မအနေနဲ့ကတော့ Quality ကောင်းကောင်း၊  ဒီဇိုင်းအနေအထား လှလှ၊ ကင်မရာကောင်းတာနဲ့တင်ကို အဆင်ပြေလှပါတယ် ..  အဲ့တော့ စမတ်ဖုန်းတွေထဲမှာမှ အလယ်အလတ်လောက်ရှိတဲ့ Huawei nova 2i ကို အမြန်ဆုံးလေး ပြေးဝယ်ကြစို့နော် …

 

Tags: