Big Ben နာရီစင်ကြီးမှ ခေါင်းလောင်းထိုးကာ လန်ဒန်တွင် နှစ်သစ်ကူးအား ကြိုဆို

Big Ben နာရီစင်ကြီးမှ ခေါင်းလောင်းထိုးကာ လန်ဒန်တွင် နှစ်သစ်ကူးအား ကြိုဆို

လန်ဒန်၊ ဇန်နဝါရီ ၁ ။      ။ လန်ဒန်မြို့မှာ မီးရှုးမီးပန်းများ ဖောက်ခြင်း၊ နာရီစင်ကြီးမှ ခေါင်းလောင်းထိုးခြင်းတို့ဖြင့် ၂၀၁၈ နှစ်သစ်သို့ ကြိုဆိုကူးပြောင်းလိုက်ပါတယ်။

ရင်သပ်ရှုမောဖွယ်ရာ မီးရှုးမီးပန်း အလှပြ ပစ်ဖောက်ခြင်းများနဲ့အတူ လန်ဒန်မြို့တွင်းမှာ မြို့ခံများနှင့် ဧည့်သည်များက နှစ်သစ်ကို ဝိုင်းဝန်းကြိုဆိုကြပါတယ်။

နှစ်သစ်ကူးမှာ သမိုင်းဝင် အထင်ကရ Big Ben နာရီစင်ကြီးမှ ခေါင်းလောင်းထိုးကာ လူအများကလည်း သံပြိုင်အချိန်မှတ် ရေတွက်လို့ ကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။

Big Ben နာရီကြီးကို ပြန်လည်ပြင်ဆင်ရေး လေးနှစ်တာအဖြစ် သြဂုတ်လအတွင်းက ရပ်တန့်ထားတာပါ။ တိတ်ဆိတ်တဲ့ သမိုင်းမှတ်တိုင်အဖြစ် လေးနှစ်အတွင်း ထားရှိသွားမှာဖြစ်ပေမယ့် အထင်ကရပွဲလမ်းသဘင်အနည်းငယ်မှာတော့ နာရီစင်ကြီးက အသက်ဝင်လို့ ခေါင်းလောင်းထိုးပေးမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags