ဂျော်ဒန်တွင် အမေရိကန်သံရုံးရှေ့ ဆူပူဆန္ဒပြကာ နှစ်သစ်ကူးည ဆင်နွှဲ

ဂျော်ဒန်တွင် အမေရိကန်သံရုံးရှေ့ ဆူပူဆန္ဒပြကာ နှစ်သစ်ကူးည ဆင်နွှဲ

အမန်၊ ဇန်နဝါရီ ၁ ။        ။ ဂျော်ဒန်နို်င်ငံ မြို့တော် အမန်ရှိ အမေရိကန်သံရုံးဝန်းကျင်တွင် လူ တစ်ရာနီးပါးကာ စုရုံးကြကာ အမေရိကန်နှင့် အစ္စရေးတို့၏ မူဝါဒများကို ဆန့်ကျင်ကာ ဆန္ဒပြမှုဖြင့် နှစ်သစ်ကူးကို ပြုလုပ်လိုက်သည်။

ဆန္ဒပြသူများက အမေရိကန်နှင့် အစ္စရေးအလံများကို မီးရှို့ကြကာ နှစ်သစ်ကူး တေးသီချင်းများနှင့် ကခုန်ခြင်းများကို ဆင်နွွှဲပြုလုပ်ခြင်းပဲ ဖြစ်သည်။

၂၀၁၇ ဒီဇင်ဘာ အစောပိုင်းက အစ္စရေးမြို့တော်အဖြစ် ဂျေရုဆလင်အား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အသိအမှတ်ပြုလိုုက်သည့် ဆုံးဖြတ်ချက်ကြောင့် ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်ပွားနေခဲ့သည်။

ထိုပြင် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆယ်စုနှစ်များစွာ ကြားခံနိုင်ငံအဖြစ် တာဝန်ယူနေသည့် အခန်းကဏ္ဍမှ အမေရိကန်ကို ပယ်ဖျက်ရန်လည်း တိုက်တွန်းဆော်သြမှုများ ရှိနေသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံကလည်း အမေရိကန်၏ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ရန် မဲရလဒ်အများစုဖြင့် ဆုံးဖြတ်ချက်ချမှတ်ထားသည်။

အဆိုပါ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ပေးခဲ့သည့် နိုင်ငံများအား ဘဏ္ဍာရေးအကူအညီ ဖြတ်တောက်မည်ဟု ထရမ့်က ခြိမ်းခြောက်ထားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ကုလသမဂ္ဂ၏ အသုံးစရိတ်ဘတ်ဂျတ် ထည့်ဝင်မှုကို ဒေါ်လာ သန်း ၃၀၀ နီးပါး လျှော့ချကြောင်း အမေရိကန်က ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags