ဒီဇင်ဘာလ ၃၁ ၊ ပုသိမ် ။ ။ ဓနုဖြူမြို့နယ်၊ အမှတ် ၁၆ ရပ်ကွက် ကမ်းနားလမ်းတွင် ဒီဇင်ဘာလ ၃၀ ရက်နေ့ ညတွင် ကမ်းပြိုမှု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၁လုံးခန့်ပါသွားပြီး ယနေ့ ကမ်းပါးအက်ကွဲမှုများ ထပ်မံဖြစ်ပေါ်နေကြောင်း ဓနုဖြူမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက မဇ္စျိမသို ့ပြောသည်။
“ညတုန်းကဖြစ်တာပါ ။ ဒီနေ ့ထပ်ပြိုတယ်ကြားတယ်။ တိုင်းဒေသကြီးက လူကယ်ပြန်က ရောက်နေပြီး၊ ကူညီဖို့တွေလုပ်နေတယ်၊ကမ်းပြိုမှုတွေနဲ ့ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်မှာ ကျောက်စုပ်တာတွေ၊ သဲစုပ်တာတွေ မလုပ်ဖို့ မေးခွန်း မေးခဲ့သေးတယ်။ ကျောက်စုပ်သဲစုပ်တာတွေ များခဲ့လို့ အခုလိုဖြစ်တာပါ”ဟု ဓနုဖြူမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ပြောသည်။
ဓနုဖြူမြို့နယ်၊အမှတ် ၁၆ရပ်ကွက် ကမ်းနားလမ်းမှာ နေအိမ် ၁၁ လုံးမှာ မြစ်ထဲပါသွားပြီး၊ အန္တရာယ်ရှိ အိမ် ၈လုံးကို ပြောင်းရွှေပေးခဲ့ပြီး ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ ့တွင် အက်ကြောင်းများ ထပ်ဖြစ်ပေါ်လာခြင်း ကြောင့် အိမ် ၅ လုံးကို ထပ်ဖျက်ပြီး ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။
“ ကျောက်စုပ်တာတွေ လျော့သွားတာ ဒီလွန်ခဲ့တဲ့နှစ်တွေက များတော့ ရေစွယ်ထိုးတဲ့သဘော။ ကျောက်စုပ်၊ သဲစုပ်တွေ ချက်ချင်းရပ်ပေးလည်း ပြီးသွားတဲ့ ကိစ္စမှမဟုတ်တာ ၊ဧရာဝတီမြစ်ဘေးက ကမ်းပြိုတာပါ၊ အိမ်ခြေ ၈ လုံးကိုတော့ အချိန်မှီရွေ ့လိုက်နိုင်တယ် ” ဟု ပြောသည်။
မြစ်တွင် ကျောက်စုပ်၊ သဲစုပ် ပြုလုပ်မှုများ၍ ကမ်းပါးပြိုကျခဲ့ခြင်း ဖြစ်ပြီး ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ထား ကြောင်း ဓနုဖြူမြို့နယ်၊ တိုင်းဒေသကြီး ကိုယ်စားလှယ်က ပြောသည်။
“ အခုဖြစ်တဲ့ ရေလည်းကြီး၊ အထက်အနား မရမ်းချောင်း မှာ ကမ်းထိန်းလုပ်ငန်းကို မနှစ်က လုပ်ထားတယ်၊ ဟိုဘက်ကမ်းမှာ ကမ်းထိန်းလုပ်ငန်းအတွက် သိန်း ၉၈၀၀ နဲ့ အရှေ ့ဘက်ကမ်းတွင် ကမ်းထိန်းလုပ်ငန်းအတွက် သိန်း ၉၈၀၀ ဖြင့် လုပ်ငန်းများဆောင်ရွက်ထားတယ်” ဟု ကိုယ်စားလှယ်ကပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ဟင်္သာတခရိုင်၊ မအူပင်ခရိုင်တို့တွင် မိုးမကျမီနှင့် မိုးကုန်ချိန်များတွင် ကမ်းပါး ပြိုကျမှှုများ ဖြစ်ပေါ်တတ်သည်။
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် ဓနုဖြူမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ကျောက်စုပ်၊ သဲစုပ်လုပ်ငန်းများနှင့်ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရသို ့မေးခွန်းမေးမြန်းထားသည်။