အက်စီတလင်း ယိုစိမ့်ကာ တပ်ပိုင်ဓါတ်ငွေ့ စက်ရုံမီးလောင်ပေါက်ကွဲ အလုပ်သမား ၃ဦး ဒဏ်ရာရ ၊သေဆုံးမှုမရှိ

အက်စီတလင်း ယိုစိမ့်ကာ တပ်ပိုင်ဓါတ်ငွေ့ စက်ရုံမီးလောင်ပေါက်ကွဲ အလုပ်သမား ၃ဦး ဒဏ်ရာရ ၊သေဆုံးမှုမရှိ

ရန်ကုန် သြဂုတ် ၂၁ ။       ။ ဗိုလ်တစ်ထောင်မြို့နယ် လင်းစဒေါင်းရှိ၊ တပ်မတော်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၏ ဓါတ်ငွေစက်ရုံမှ အက်စီတလင်းယိုစိမ့်ကာ မီးလောင်ကျွမ်းပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးမှုမရှိသော်လည်း အလုပ်သမား ၃ ဦးဒဏ်ရာရှိသည်ဟု အရှေ့ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးမှုး ဦးသောင်းတင်ဌေးက မဇ္ဈိမကို အတည်ပြုသည်။

"ဒဏ်ရာရတဲ့ ၃ ဦးကို ရန်ကုန်ဆေးရုံကြီးကိုပို့ထားတယ်၊ စိုးရိမ်ရတဲ့အခြေအနေတော့မဟုတ်ပါဘူး။ အသေအပျောက်မရှိဘူး။ မီးလောင်မှုကိုတော့ အဆင့်သုံးလို့သတ်မှတ်တယ်။ အက်စီတလင်း ယိုစိမ့်ပြီး ၊ပေါက်တာပါ အခုတော့အားလုံးထိန်းနိုင်လိုက်ပြီ" ဟု ၎င်းကဆိုသည်။

မီးလောင်ကျွမ်းမှုအခြေအနေအတွင်း အသုံးပြုရသည့် မီးသတ်ရေယာဉ်အစီးရေဖြင့် လောင်းကျွမ်းမှု အဆင့်အတန်းကို သတ်မှတ်ခြင်းဖြစ်သည်။ လက်ရှိမီးလောင်ကျွမ်းမှုတွင် မီးသတ်ယာဉ် အစီး ၃၀ကျော် အသုံးပြုကာ မီးငြိမ်းသတ်ခဲ့ရသည်ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရှေ့ပိုင်းခရိုင်မှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly