ဇန်နဝါရီလအတွင်း ဖွင့်လှစ်မည့် ပုဇွန်တောင် ၅၂ လမ်းစျေးတွင် လုံခြံုရေးဝန်ထမ်း ထားရှိမည်

ဇန်နဝါရီလအတွင်း ဖွင့်လှစ်မည့် ပုဇွန်တောင် ၅၂ လမ်းစျေးတွင် လုံခြံုရေးဝန်ထမ်း ထားရှိမည်

ရန်ကုန်၊ဒီဇင်ဘာ၂၄ ။            ။ ဇန်နဝါရီလပိုင်းတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားသည့် ပုဇွန်တောင်မြို့နယ် ၅၂ လမ်းစျေးအတွက် လုံခြံုရေး ဝန်ထမ်း ၂ ဦး ငှားရမ်းချထားပေးမည်ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောသည်။

"ဒီနေရာက ဟိုဘက်ဒီဘက် ဟင်းလင်းကြီးဆိုတော့ Security ကုမ္ပဏီက ငှားထားတယ်။ စာချုပ်ချုပ်ပြီး နှစ်ယောက် ထားမှာ။ သူက ယူနီဖောင်းနဲ့ ဘာနဲ့လာမှာ။ စည်ပင်ဆိုရင် ဦးတို့ လက်အောက်မှာ မရှိဘူးလေ။ ပေါ့တီးပေါ့ဆလုပ်ရင် ဦးတို့ မကောင်းဘူးလေ"ဟု ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောသည်။

အဆိုပါနေရာသည် လမ်းအဖွင့်အပိတ် မရှိဘဲ ကြားလမ်း ဖြစ်ပြီး လုံခြံုရေးများမှာ မနက် ရ နာရီမှ ည ရ နာရီအထိ တစ်ပတ်လျှင် ရ ရက်လုံး ၅၂စျေးတန်းတွင် လုံခြံုရေး ဆောင်ရွက်ပေးမည် ဖြစ်ကာ လုံခြံုရေး ငှားရမ်းခကို စျေးရန်ပုံငွေမှ အသုံးပြုသွားရန်လည်း စီစဉ်ထားကြောင်း သိရသည်။

"ဖွင့်ပွဲကတော့ နောက်လဆန်းမှ ဒီ ၂၇၊ ၂၈ မှာ ကတ်တွေ ထုတ်ပေးမယ် ။ ဖွင့်ချင်တဲ့သူ ဖွင့်လို့ရအောင် မီးလုံးတွေလည်း သွယ်ပြီးသွားပြီ။ တဲတွေလည်း အကုန်ပြင်ပြီးပြီ။ လုပ်နေပြီ၊ နံပါတ်တွေလည်း တပ်ပြီးသွားပြီ" ဟု ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောသည်။

ပုဇွန်တောင်မြို့နယ်ရှိ လမ်းဘေးစျေးသည်များအားလုံးပြောင်းရွှေ့ရမည်ဖြစ်သောကြောင့် ပြင်ဆင်ချိန် နှစ်ပတ်ခန့် ပေးထားသည်ဟု ဆိုသည်။ အဆိုပါ ၅၂ လမ်းစျေးကို ဒီဇင်ဘာ ၂၈၊ ၂၉ရက်များတွင် စတင် ရောင်းချနိုင်မည်ဖြစ်ပြီး ၈ ပေ ပတ်လည် ဆိုင်ခန်း ၁၃၈ ခန်း ရှိသည်။

ဆိုင်ခန်းများကို မနက် ၆နာရီမှ နေ့လည် ၁၁နာရီအထိ အစားအသောက်စျေးသည်များ၊ ဟင်းသီးဟင်းရွက်နှင့် အသားငါးစျေးသည်များရောင်းချမည်ဖြစ်ပြီး ညနေ ၃နာရီမှ ည ၁၁နာရီအထိ အစားအသောက် စျေးသည်များ ဆိုပြီး အချိန် ၂ ပိုင်းခွဲကာ ရောင်းချရမည် ဖြစ်သည်။

စျေးဆိုင်ခန်းများအတွက် လျှပ်စစ်မီး၊ ရေ၊ အိမ်သာ၊ စလိုက်မီးကြီးနှစ်ခုနှင့် CCTV ၁၅ လုံး တပ်ဆင်ထားပြီး လျှပ်စစ်မီတာခများကို ဆိုင်ခန်းများမှ သုံးစွဲသည့်ယူနစ်အလိုက် ကျသင့်ငွေပေးဆောင်ရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly