ရေဘေးသင့်ပြည်သူများ အတွက်ရွှေလီအစိုးရ ကျပ်သိန်းသုံးထောင်ကျော်လှူ

ရေဘေးသင့်ပြည်သူများ အတွက်ရွှေလီအစိုးရ ကျပ်သိန်းသုံးထောင်ကျော်လှူ

သြဂုတ် ၂၁ ရက် ။           ။ မြန်မာရေဘေးသင့်ပြည်သူများအတွက် တရုတ်နိုင်ငံ ရွှေလီမြို့ ပြည်သူ့အစိုးရက မြန်မာကျပ်ငွေ သိန်းသုံးထောင်ကျော် (၃၀၂၇,၆၂,၀၀၀)နှင့် ညီမျှသည့် တရုတ်ယွမ်ငွေ တစ်သိန်းခွဲကျော် (၁၅၃,၅၈၈) လှူဒါန်းပေးအပ်ခဲ့သည်။

သြဂုတ် ၂၀ ရက်က ရွှေလီမြို့၊ ပြည်သူ့အစိုးရအဖွဲ့မှ ပြည်ပဆက်ဆံရေးဌာနမှူး မစ္စတာကျန်းယီရှောက်က မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းထံ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

Ref; MOI - မူဆယ် (ခရိုင်/ပြန်ဆက်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly