ယူအေအီးမှဝန်ကြီးသားနှင့် အဆိုတော်မလေး Anda တို့၏ ကောလဟာလများကို သူမ၏ အေဂျင်စီမှငြင်းဆန်

ယူအေအီးမှဝန်ကြီးသားနှင့် အဆိုတော်မလေး Anda တို့၏ ကောလဟာလများကို သူမ၏ အေဂျင်စီမှငြင်းဆန်

တောင်ကိုရီးယားမှ အဆိုတော်မလေး Anda ၏ အေဂျင်စီဖြစ်သော Esteem Entertaiment က အဆိုတော်မလေးနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှ ဒုဝန်ကြီးတစ်ဦး၏သားဖြစ်သူတို့ ပက်သက်မှုရှိနေသည်ဆိုသော ကောလဟာလသတင်းများကို တရားဝင်ကြေညာချက်ထုတ်၍ ငြင်းဆန်ခဲ့သည်။

မကြာသေးခင်က ထွက်ပေါ်လာသော ကောလဟာလသတင်းများအရ ယူအေအီးနိုင်ငံမှ ဒုဝန်ကြီးချုပ်၏ သားဖြစ်သူ ဇေယက်ဒ်မန်ဆော်သည် သူ၏ကိုယ်ပိုင်လေယာဉ်ကိုစီး၍ ကိုရီးယားသို့လာရောက်ကာ Anda ကို လက်ထပ်ခွင့်တောင်းခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။

ထိုသို့ထွက်ပေါ်လာသောသတင်းများကို Esteem Entertainment နှင့် Anda တို့က ငြင်းဆန်ကာ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုထုတ်ပြန်ချက်ထဲ၌ “Anda နဲ့အတူ ဒီသတင်းတွေကိုစစ်ပြီးတဲ့အခါမှာတော့ အမျိုးမျိုးဖော်ပြနေကြတဲ့ သတင်း တွေဟာ လုံးဝမမှန်ဘူးလို့ ပြောနိုင်ပါတယ်။ သူမဟာ မန်ဆော်နဲ့ လုံးဝကို အဆက်အဆံမရှိပါဘူး။ သူမကို လက်ထပ်ခွင့်တောင်းခဲ့တယ်ဆိုတဲ့သတင်းကလည်း မှားယွင်းနေပါတယ်” ဟု ဖော်ပြထားသည်။

Ref: AllKpop

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly