လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနှင့် အသရေဖျက်မှုတို့အတွက် အဆိုတော် Nelly ကို အမျိုးသမီးတစ်ဦးတရားစွဲ

လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနှင့် အသရေဖျက်မှုတို့အတွက် အဆိုတော် Nelly ကို အမျိုးသမီးတစ်ဦးတရားစွဲ

အမျိုးသမီးတစ်ဦးက နာမည်ကျော်ရက်ပ်အဆိုတော် Nelly သည် သူ၏နယ်လှည့်ခရီးသွား ဘတ်စ်ကားပေါ်၌ သူမကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခဲ့ကြောင်းနှင့် နောက်ပိုင်းတွင် သူမ၏ စွပ်စွဲချက်ကိုငြင်းဆန်ကာ သူမအား အသရေဖျက်ခဲ့သည့်အတွက် Nelly အား တရားစွဲဆိုခဲ့သည်။

မိုနစ်ဂရင်းဟုအမည်ရသော အမျိုးသမီးတစ်ဦးသည် အမည်ရင်း ကော်နဲလ်ဟေးနက်စ်ဂျူနီယာဖြစ်သည့် အဆိုတော် Nelly ကို နစ်နာကြေးရလိုမှုအတွက် တရားစွဲဆိုထားကြောင်း Seattle Times သတင်းစာက ဗုဒ္ဓဟူးနေ့၌ ဖော်ပြခဲ့သည်။

လွန်ခဲ့သောအောက်တိုဘာလက ဆီယက်တဲလ်မြို့ရှိ ကားပါကင်၌ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ်အတွက် Nelly ကို သူ၏နယ်လှည့်ခရီးသွား ဘတ်စ်ကားပေါ်မှ ဖမ်းဆီးခဲ့သော်လည်း တရားလိုအမျိုးသမီးဖြစ်သူက သူတို့နှင့် အတူ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့်အတွက် Nelly ကို စွဲချက်တင်နိုင်ခြင်းမရှိသေးကြောင်း အစိုးရရှေ့နေ များက ပြီးခဲ့သောအပတ်က ပြောခဲ့ကြသည်။

Nelly ၏ ရှေ့နေဖြစ်သူကလည်း အဆိုပါအမျိုးသမီးသည် ငွေကြေးရလိုမှုအတွက် အမှုဖွင့်ခြင်းဖြစ်ပြီး သူမကို တန်ပြန်တရားစွဲဆိုရန် စီစဉ်ထားသည်ဟု ဆိုခဲ့သည်။

အဆိုတော် Nelly က မစ္စဂရင်းသည် ထိုကိစ္စနှင့်ပက်သက်၍ လုပ်ကြံပြောဆိုနေခြင်းဖြစ်သည်ဟု လွန်ခဲ့သော အပတ်က လူသိရှင်ကြားစွပ်စွဲပြောဆိုခဲ့သည့်အတွက် အသရေဖျက်မှုဖြင့် ယခုလိုတရားစွဲဆိုရခြင်းဖြစ်သည်ဟု မစ္စဂရင်း၏ရှေ့နေဖြစ်သူက ပြောခဲ့သည်။

Ref: Billboard

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly