တရုတ် နျူကလီးယားစက်ရုံမှ ရေဒီယိုသတ္တိကြွမှု ယိုစိမ့်လာက ပြင်ဆင်ရန် လေ့ကျင့်မှု ဟောင်ကောင် ဆောင်ရွက်

တရုတ် နျူကလီးယားစက်ရုံမှ ရေဒီယိုသတ္တိကြွမှု ယိုစိမ့်လာက ပြင်ဆင်ရန် လေ့ကျင့်မှု ဟောင်ကောင် ဆောင်ရွက်

ဟောင်ကောင်၊ ဒီဇင်ဘာ ၂၀ ။         ။ တရုတ်ပြည်မကြီးရှိ နျူကလီးယားစက်ရုံတစ်ရုံမှ ရေဒီယိုသတ္တိကြွမှု ဖြစ်လာခဲ့ပါက ကြိုတင်ပြင်ဆင်လေ့ကျင့်မှုကို ဟောင်ကောင်တွင် ပထမဆုံးရက်အဖြစ် ဒီဇင်ဘာ ၂၀ ရက်တွင် လုပ်ဆောင်ကြသည်။

ဟောင်ကောင်မှ ကီလိုမီတာ ၂၀ အကွာတွင် ရှိသော ရှန်ကျန်မြို့ရှိ ဓာတ်အားပေးစက်ရုံတွင် ရေဒီယိုသတ္တိကြွမှုနှင့် ပတ်သက်ပြီး စစ်ဆေးစုံစမ်းလျက်ရှိချိန်ဖြစ်သည်။

နျူကလီးယားယိုစိမ့်မှု ကြိုတင်မျှော်တွေးမှုအဖြစ် ဟောင်ကောင်အာဏာပိုင်များက တရုတ် ရှန်ကျန်မြို့ရှိ ဒါလာဘေးနျူကလီးယားစက်ရုံနှင့် ကီလိုမီတာ နှစ်ဆယ်သာ ကွာသော အန္တရာယ်ဇုန်အတွင်း ကျရောက်နေသည့် တန်ပင်ချုးအရပ်ရှိ ဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပြောင်းသည့် ကြိုတင်လေ့ကျင့်မှုများကို လုပ်ဆောင်ပေးခဲ့သည်။

အဆိုပါ နျူကလီးယားစက်ရုံတွင် ချွတ်ယွင်းမှုများ ရှိကြောင်း ဖော်ပြသည့်  မှတ်တမ်းများကို ပြီးခဲ့သည့် သီတင်းပတ်က FactWire သတင်းဌာနက ဖော်ပြခဲ့သည်။

သို့သော် စက်ရုံစီမံကိန်း တာဝန်ရှိသူများက အဆိုပါ ချွတ်ယွင်းမှုသည် နျူကလီးယားဘေးဖြစ်လောက်သည့်အထိ မရှိကြောင်း ပြန်လည်ပြောဆိုသည်။

ယခုအထိ တရုတ်တွင် နျူကလီးယားဘေးအန္တရာယ် မဖြစ်ပွားဖူးပေ။

ဟောင်ကောင်က ယခုလေ့ကျင့်ပြင်ဆင်မှုကို လာမည့် ဒီဇင်ဘာ ၂၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly