Billboard ၏ အကောင်းဆုံးအယ်လ်ဘမ်ဇယား၌ ထိပ်ဆုံးမှဦးဆောင်ရန်တစ်ပြေးနေသည့် အမ်မီနမ်၏ Revial

Billboard ၏ အကောင်းဆုံးအယ်လ်ဘမ်ဇယား၌ ထိပ်ဆုံးမှဦးဆောင်ရန်တစ်ပြေးနေသည့် အမ်မီနမ်၏ Revial

လာမည့်အပတ်တွင်ထုတ်ပြန်မည့် Billboard ၏ အကောင်းဆုံးအယ်လ်ဘမ် ၂၀၀ ဇယား၌ နာမည်ကျော် ရက်ပ်အဆိုတော်အမ်မီနမ်၏ အယ်လ်ဘမ်အသစ် Revival သည် နံပါတ်တစ်နေရာမှဦးဆောင်ရန် ရေပန်းစား နေကြောင်း ကြိုတင်ခန့်မှန်းသူများက ဟောကိန်းထုတ်လျက်ရှိသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ကတည်းက စတင်ဖြန့်ချီထားခဲ့သော နာမည်ကျော်အဆိုတော်များစွာ ပါ၀င်သီဆိုပေး ထားသည့် အမ်မီနမ်၏ Revival သည် တစ်ပတ်အတွင်း အချပ်ရေ ၂၅၀၀၀၀ ခန့် အနည်းဆုံးရောင်းချနိုင်မည်ဟု ခန့်မှန်းထားကြသည်။

Billboard အကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယားအား ရေတွက်ပုံမှာ အယ်လ်ဘမ်ရောင်းချရမှုများ၊ သီချင်း ရောင်းချရမှုအကြိမ်ရေ ( သီချင်းဆယ်ပုဒ်မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) ၊ အင်တာနက်မှ သီချင်းနားဆင်မှု အကြိမ်ရေ ( နားဆင်မှုအကြိမ် ၁၅၀၀ မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) တို့အား တွက်ချက်၍ အဆင့်သတ် မှတ်ခြင်း ဖြစ်သည်။ အမ်မီနမ်၏ အယ်လ်ဘမ်ရောင်းချရမှုကို ထည့်သွင်းတွက်ချက်၍ ပြုစုထားသော Billboard ၏ စာရင်းကို လာမည့်ဒီဇင်ဘာလ ၂၄ ရက်၊ တနင်္ဂနွေနေ့တွင် ထုတ်ပြန်မည်ဟု သိရသည်။

Revival သည် လွန်ခဲ့သော ၂၀၁၃ ခုနှစ်ကထွက်ရှိထားခဲ့သည့် ပထမအပတ်အတွင်း အချပ်ရေ ရ၉၂၀၀၀ ခန့် ရောင်းချရသည်အထိ အောင်မြင်မှုများရရှိခဲ့သော The Marshall Mathers LP 2 ပြီးနောက် ပထမဦးဆုံးအကြိမ် ပြန်လည်ထွက်ရှိလာသည့် အမ်မီနမ်၏ အယ်လ်ဘမ်အသစ်တစ်ချပ်ဖြစ်သည်။

Billboard ၏ အကောင်းဆုံးအယ်လ်ဘမ် ၂၀၀ ဇယား၌ နံပါတ်တစ်နေရာမှ ရပ်တည်ခဲ့ဖူးသော အမ်မီနမ်၏ အယ်လ်ဘမ်များမှာ Recovery (2010)၊ Relapse (2009)၊ Curtain Cal: The Hits (2005)၊ The Eminem Show (2002)၊ The Marshall Mathers LP 2 (2013) နှင့် The Marshall Mathers LP(2000) တို့ဖြစ်ကြ သည်။ ဇယား၏နံပါတ်တစ်နေရာနှင့် လွဲခဲ့ဖူးသည့် အမ်မီနမ်၏ တစ်ခုတည်းသောအယ်လ်ဘမ်မှာ ဇယားနံပါတ် ၂ နေရာ၌ ရပ်တည်ခဲ့သည့် The Slim Shady LP(1999) ဖြစ်သည်။

Ref: Billboard

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags