အခွန်ပြုပြင်ပြောင်းလဲမှုက ထရမ့်အတွက်မဟုတ်ဘဲ အလတ်တန်းစားများအကျိုးအတွက်ဟု အိမ်ဖြူတော်ပြော

အခွန်ပြုပြင်ပြောင်းလဲမှုက ထရမ့်အတွက်မဟုတ်ဘဲ အလတ်တန်းစားများအကျိုးအတွက်ဟု အိမ်ဖြူတော်ပြော

 

၀ါရှင်တန်ဒီစီ၊ ဒီဇင်ဘာ ၂၀ ။            ။ အမေရိကန်အစိုးရ ဖော်ဆောင်နေသည့် အကြီးစားအခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုသည် သမ္မတအတွက် အကျိုးဖြစ်အောင်လားဟု မေးခွန်းများ ရှိနေသော်လည်း အိမ်ဖြူတော်က အခွန်ဆိုင်ရာ ဥပဒေသစ်သည် လူလတ်တန်းစားများအတွက် ဦးတည်ကြောင်း ပြောသည်။

ထရမ့်အစိုးရ၏ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှု ဥပဒေကြမ်းကို အောက်လွှတ်တော်တတွင် မဲအရေအတွက် အပြတ်အသတ်ဖြင့် ထောက်ခံမဲ ၂၂၇ မဲ၊ ကန့်ကွက်မဲ ၂၀၃ မဲဖြင့် ဒီဇင်ဘာ ၁၉ ရက်က အတည်ပြုခဲ့ပြီးနောက် အိမ်ဖြူတော်က ယခုကဲ့သို့ ဖြေရှင်းလာခြင်း ဖြစ်သည်။

ယခုဥပဒေကြမ်းသည် သမ္မတ ထရမ့်အတွက် ပထမဆုံး ဥပဒေပြုမှုဆိုင်ရာ အောင်မြင်မှုအဖြစ် ရှိလာနေသည်။

အဆိုပါ ဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များနှင့် ချမ်းသာသူများအား အခွန်လျှော့ချပြီး အလတ်တန်းစားများနှင့် ၀င်ငွေနည်းမိသားစုများကိုလည်း ပိုမိုသင့်တော်သည့် အခွန်လျှော့ချမှုကို ကျင့်သုံးရမည်ဖြစ်ခြင်းကြောင့် နိုင်ငံတော်ငွေတွင် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ ထရီယံ ထပ်လောင်းဖြည့်သွင်းရန် လိုအပ်မည်ဖြစ်သည်။

စီးပွားရေးလုပ်ငန်းများအား အခွန်လျှော့ချမှုသည် ဇန်နဝါရီမှစကာ အသက်ဝင်မည်ဖြစ်ပြီး အလုပ်သမားဝန်ထမ်းလူတန်းစားအတွက် အခွန်လျှော့ချမှုက ဖေဖော်ဝါရီတွင် စတင်မည်ဖြစ်သည်။

သို့သော် ယခု ဥပဒေကြမ်းကို ရီပတ်ဘရီကန် ကြီးစိုးသော အထက်လွှတ်တော်တင်ကာ နောက်ဆုံးအတည်ပြုမဲ ပေးရဦးမည်ဖြစ်သည်။

အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှု ဥပဒေသစ်က အလွန်ချမ်းသာသူများကို ထပ်တိုးအကျိုးဖြစ်စေမည်ဟု ဝေဖန်သူများက ပြောကြသည်။

သို့သော် ရီပတ်ဘရီကန်အမတ်များက ကော်ပိုရေးရှှင်းလုပ်ငန်းများ၊ အသေးစားစီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးပိုင် လုပ်ငန်းငယ်များအပေါ် အခွန်လျှော့ချခြင်းကြောင့် စီးပွားရေးဖွံ့ဖြိုးမှု မြင့်တက်စေမှာဖြစ်ကြောင်း ငြင်းဆန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly