မူးယစ်မှောင်ခို ခိုးသွင်းမှုဖြင့် ဖမ်းဆီးထားသော နိုင်ငံခြားသားသုံးဦးကို အင်ဒိုနီးရှားရဲများ မီဒီယာရှေ့ ချပြ

မူးယစ်မှောင်ခို ခိုးသွင်းမှုဖြင့် ဖမ်းဆီးထားသော နိုင်ငံခြားသားသုံးဦးကို အင်ဒိုနီးရှားရဲများ မီဒီယာရှေ့ ချပြ

ဂျကာတာ၊ ဒီဇင်ဘာ ၁၉ ။         ။ အင်ဒိုနီးရှားနိုင်ငံတွင်းသို့ မူူးယစ်ဆေးဝါးမှောင်ခိုခိုးသွင်းရန် ကြိုးစားသူ ဘာလီကျွန်းတွင် ဖမ်းဆီးထားသည့် နိုင်ငံခြားသားသုံးဦးကို ရဲဌာနက မီဒီယာနှင့် တွေ့ဆုံစေခဲ့သည်။

သြစတြေးလျ၊ အမေရိကန်နှင့် မလေးရှားနိုင်ငံသားများဖြစ်ကြသည့် ၎င်းတို့ သုံးဦးတို့ကို စိတ်ကြွရူးသွပ်ဆေးပြား၊ ကိုကင်းနှင့် ဆေးခြောက်များ စသည့် မူးယစ်ဆေးများကို နိုင်ငံတွင်းသို့ ခိုးသွင်းရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အနက်မှ ဘန်ကောက်မှ ထိုင်းလေကြောင်းလိုင်းဖြင့် ရောက်ရှိလာသော အသက် ၃၅ နှစ်ရှိ သြစတြေးလျနိုင်ငံသားကို ဒီဇင်ဘာ ၄ ရက်က ဘာလီလေဆိပ်တွင် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းနှင့်အတူ မက်သာဖီသာမင်းဆေးပြားများပါ အထုပ်ငါးထုပ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ပြားကို တွေ့ရှိသည်။

အမေရိကန်နိုင်ငံသားအား နိုဝင်ဘာ ၃၀ ရက်က ဖမ်းဆီးထာခြင်း ဖြစ်ကာ နိုင်ငံတွင်း ဆေးခြောက်တင်သွင်းရန် ကြိုးစားမှုဖြင့် ဖမ်းဆီးခြင်းဖြစ်သည်။

ဘာလီအကောက်ခွန်က မြို့လေဆိပ်တွင် နိုဝင်ဘာ ၈ ရက်ကလည်း မလေးရှားနိုင်ငံသားတစ်ဦးကို ဆေးခြောက်နှင့် ကိုကင်းသယ်ဆောင်လာခြင်းကြောင့် ဖမ်းဆီးခဲ့ရသည်။

၎င်းတို့ သုံးဦးစလုံးအား ဘာလီရှိ ရဲစခန်းတစ်ခုတွင် ဖမ်းချုပ်ထားကာ စစ်မေးလျက်ရှိပြီး အပြစ်ရှိပါက ထောင်ဒဏ် နှစ် ၂၀ အထက် ချမှတ်ခံရနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly