အင်ဒိုနီးရှား ဂျဗားကျွန်းတွင် အားပြင်းငလျင်လှုပ်သဖြင့် သေဆုံးပျက်စီးမှုများရှိ

အင်ဒိုနီးရှား ဂျဗားကျွန်းတွင် အားပြင်းငလျင်လှုပ်သဖြင့် သေဆုံးပျက်စီးမှုများရှိ

 

ဂျကာတာ၊ ဒီဇင်ဘာ ၁၆ ။                      ။ အင်ဒိုနီးရှားနိုင်ငံ၏ လူနေအထူထပ်ဆုံး ဂျဗားကျွန်းတွင် ငလျင်လှုပ်ရာ မြို့တော် ဂျကာတာနှင့် အခြားမြို့များ ငလျင်ဒဏ် ကြံုရသည်။

အဆောက်အအုံများ ပြိုကျပျက်စီးသည့် သတင်းများ ကြားရသကဲ့သို့ အရေအတွက် မသိနိုင််သေးသည့် လူသေဆုံးမှု ရှိကြောင်းလည်း သိရသည်။

ဂျဗားကျွန်းအလယ်ပိုင်း ဘန်ယုမာမြို့ရှိ အထွေထွေဆေးရုံကြီးမှာ ငလျင်ကြောင့် ပျက်စီးမှုဖြစ်ရာ လူနာများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရကြောင်း Metro TV က သတင်းတင်ဆက်သည်။

ချန်နယ်နယူးအေရှ၏ သတင်းတွင် ငလျင်ပြင်းအားက ၆ ဒဿမ ၅ အဆင့်ရှိပြီး အနည်းဆုံး လူနှစ်ဦးသေဆုံးသည်ဟု ဖော်ပြသည်။

ငလျင်ဗဟိုသည် ကျွန်းအနောက်တောင်ပိုင်းမှ ၅၂ ကီလိုမီတာအကွာ မြေအောက် ၉၂ ကီလိုမီတာတွင် ဗဟိုပြုကြောင်း အမေရိကန်ဘူမိတိုင်းတာရေးက ထုတ်ပြန်သည်။

ငလျင်အစတွင် ဆူနာမီသတိပေးချက်ထုတ်ပြီး ကမ်းခြေဒေသများတွင် ဘေးလွတ်ရာ ရွှေ့ပြောင်းကြရန် အင်ဒိုနီးရှှှား အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု အေဂျင်စီက ထုတ်ပြန်သော်လည်း ဆူနာမီ ဖြစ်ပေါ်မှု မတွေ့ရပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly