အကျင့်ပျက်ခြစားမှု စွပ်စွဲချက်ဖြင့် အစ္စရေးဝန်ကြီးချုပ်နေအိမ်သို့ ရဲများ လာရောက် စစ်ဆေးမေးမြန်း

အကျင့်ပျက်ခြစားမှု စွပ်စွဲချက်ဖြင့် အစ္စရေးဝန်ကြီးချုပ်နေအိမ်သို့ ရဲများ လာရောက် စစ်ဆေးမေးမြန်း

ဂျေရုဆလင်၊ ဒီဇင်ဘာ ၁၅ ။            ။ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များကြောင့် အစ္စရေးရဲဌာနသည် ဝန်ကြီးချုပ် နေတန်ယာဟု၏ နေအိမ်သို့ ဒီဇင်ဘာ ၁၅ ရက်နေ့က သွားရောက်စစ်ဆေးမေးမြန်းခဲ့သည်။

လာဘ်စားမှု၊ လိမ်လည်မှုနှင့် ယုံကြည်မှုအား အလွဲသုံးစားလုပ်မှုတို့နှင့် မကင်းမရှင်းသည်ဟု နေတန်ယာဟုကို သံသရှိကြောင်း ရဲက ပြောသည်။

အစ္စရေးရဲများသည် နေတန်ယာဟုအား အကျင့်ပျက်ခြစားမှု ကောက်ချက်ဖြင့် ခြောက်ကြိမ်တိုင် စစ်မေးပြီးဖြစ်သည်။

နေတန်ယာဟုသည် ဟောလီးဝုဒ်မှ အထင်ကရများနှင့် စီးပွားရေးသမားများထံမှ လက်ဆောင်များ ရယူခြင်းအပြင် အစ္စရေးအဓိကသတင်းစာတစ်စောင်မှ ထုတ်ဝေသူကို သတင်းစာတစ်စောင်တွင် ဦးစီးနေရာပေးမည်၊ ၎င်း၏ ကောင်းသတင်းအား ထည့်သွင်းရေးသားပေးရမည်ဟု အပြန်အလှန်လျှို့ဝှက်ပြောဆိုမှုကိုလည်း ရဲဌာနက စုံစမ်းစစ်ဆေးလျက်ရှိနေသည်။

နေတန်ယာဟုနှင့် နီးစပ်သူသော လက်ထောက်ဟောင်းများမှ တစ်ဦးက နိုင်ငံတော်သက်သေအဖြစ် ၎င်းအား စွပ်စွဲထွက်ဆိုပေးလာသည်။

နေတန်ယာဟုက မည်သည့်အမှားမှ မကျုးလွန်ကြောင်းကို အကြိမ်ကြိမ် ငြင်းဆန်ထားကာ မရှုဆိတ် မုန်းထားသော မီဒီယာများက မီးထိုးပေးသည့် မလိုလားသူကို နှိပ်ကွပ်ရေး စွပ်စွဲချက်များသာ ဖြစ်ကြောင်း ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly