B -Tech ဘွဲ့ရ ကျောင်းသားများ BE တန်းသို့ တိုက်ရိုက်တက်ရောက်ခွင့်ရရန် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တောင်းဆိုထား

B -Tech ဘွဲ့ရ ကျောင်းသားများ BE တန်းသို့ တိုက်ရိုက်တက်ရောက်ခွင့်ရရန် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တောင်းဆိုထား

ရန်ကုန် ဒီဇင်ဘာ ၁၄ ။         ။ အချိန်တိုအတွင်း အမျိုးမျိုးပြောင်းလဲခဲ့သော ထုတ် ပြန်ချက်များကြောင့်နစ်နာခဲ့ရသော B -Tech ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများက ယခင် ကြေညာခဲ့သည့်အတိုင်း(၂၀၁၇ - ၂၀၁၈) ပညာသင် နှစ်တွင် BE တန်းသို့ တိုက်ရိုက်တက်ရောက်ခွင့် ရရှိရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တောင်းဆိုထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါ အဝင် နိုင်ငံတော်သမ္မတနှင့် ပညာရေးဝန်ကြီးဌာနများသို့ တင်ပြထားကြောင်း B -Tech ဘွဲ့ရ ကျောင်းသူ မထက်ထက်စိုးဦးက ဒီဇင်ဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ ၃၄ လမ်းရှိ MJN ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလက ကျင်းပခဲ့သည့် မေဂျာပေါင်းစုံဘာသာရပ် ညှိနှိုင်းအစည်းအဝေးတွင် B -Tech ဘွဲ့ရရှိ ထားသော ကျောင်းသူ၊ ကျောင်း သားများကို BE တန်းသို့ တိုက်ရိုက်တက်ရောက်ရန် တရားဝင် ထုတ်ပြန်ကြေညာခဲ့သော်လည်း ဒီဇင်ဘာလ ၆ ရက်က ကျောင်းသားများ မပါဝင်သည့် သင်ကြားရေးဆရာ၊ ဆရာမများကို သာ ရာထူးတိုးရန်အတွက် သီးသန့် BE ဝင်ခွင့်ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် B -Tech ဘွဲ့ရကျောင်းသား၊ ကျောင်း သူများအတွက် ထိခိုက်နစ်နာမှုများရှိခဲ့သည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် B -Tech ဘွဲ့ရကျောင်း သူ မထက်ထက်စိုးဦးက ပြောသည်။

" ညီမဆို အခုလတ်တလော အလုပ်ထွက်လိုက်ရ ပြီလေ၊ ပြီးတော့ နောက်အလုပ်တစ်ခုရဖို့ဆိုတာ လည်း သေချာတာ မဟုတ်ဘူး၊ ပြီးတော့ ညီမတို့ ကို မျှော်လင့်ချက်ပေးတယ်ပေါ့နော်၊ ညီမတို့ထဲမှာ ၂၀၀၂ ခုနှစ်ထဲက လူတွေပါတယ်၊ သူတို့ဆိုလည်း ကျောင်းတိုက်ရိုက်တက်ရမယ်ဆိုတော့ ဝမ်းသာအားရနဲ့ ကျောင်းတက်ဖို့ အကုန်းလုံးပြင်ဆင်ပြီး ကာမှ စာမေးပွဲလည်း ဖြေကာနီးမှ ညီမတို့ကို လုံးဝ ဖြုတ်ချသွားတယ်၊ ကျောင်းသားတွေ မပါရတော့ ဘူးဆိုပြီးတော့၊ တော်တော်လေး စိတ်မကောင်း ဖြစ်ရတယ်" ဟု B -Tech ဘွဲ့ရကျောင်း သူ မထက်ထက်စိုးဦးက ပြောသည်။

ယခင်က BE တန်းသို့ တိုက်ရိုက်တက်ရောက်ရန် တရားဝင်ထုတ်ပြန် ကြေညာခဲ့သည့်အတွက် B -Tech ဘွဲ့ရရှိ ထားသော ကျောင်းသား၊ ကျောင်း သူများသည် ကျောင်းတက်နိုင်ရန် ရရှိထားသော အလုပ်မှ နှုတ်ထွက်ခြင်း၊ တစ်နယ်တစ်ကျေး မှ ပြန်လာ၍ ပြင်ဆင်ရခြင်းနှင့် လုပ်ငန်းခွင်များရပ် ဆိုင်းထားခြင်းတို့ ပြုလုပ်ခဲ့ရသည်ဟု ကျောင်းသားများဘက်က ပြောသည်။

လက်ရှိတွင် B -Tech ဘွဲ့ရရှိ ထားသော ကျောင်းသား၊ ကျောင်း သူများသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၆၀၀ ဦး ရှိကြောင်းသိရသည်။

"ဖြစ်စေချင်တာကတော့ ဆူဆူပူပူလုပ်ဖို့လည်း ဆန္ဒ မရှိဘူး၊ ကျောင်းပဲတက်ချင်တာ အဲဒီတော့ ကျွန်မ တို့ B -Tech သမားလေးတွေကို ကျောင်းတက် ခွင့်ပေးလိုက်တော့လည်း ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုမှ မနစ်နာဘူး ပေါ့နော်၊ တစ်ကယ်နစ်နာတာက ကျောင်းသားတွေပဲ နစ်နာတာလေ၊ အဲဒီ တော့ ကျောင်းတက်ခွင့်ပဲ လိုချင်ပါတယ်" ဟု B -Tech ဘွဲ့ရကျောင်းသူ မစိုးစန္ဒာအောင်က ပြော သည်။

ယခင်ထုတ်ပြန်ခဲ့သောမူဝါဒအတိုင်း B -Tech ဘွဲ့ရကျောင်းသား၊ ကျောင်းသူများက (၂၀၁၇ - ၂၀၁၈) ပညာသင်နှစ်အတွင်း BE တန်းသို့ တိုက် ရိုက်တက်ရောက်ခွင့်ရရှိရန် ဒီဇင်ဘာ ၁၁ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတနှင့် ပညာရေးဝန်ကြီးဌာနများသို့ တင်ပြခဲ့ပြီး၊ ဆက်လက် တောင်းဆိုမှုများ ဆောင်ရွက်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly