အော့ခီဆိုင်ကလုန်းမုန်ုတိုင်းကြောင့် အိန္ဒိယတွင် လူ ၈၀ နီးပါး သေဆုံးကာ ရာပေါင်းများစွာ ပျောက်ဆုံးနေ

အော့ခီဆိုင်ကလုန်းမုန်ုတိုင်းကြောင့် အိန္ဒိယတွင် လူ ၈၀ နီးပါး သေဆုံးကာ ရာပေါင်းများစွာ ပျောက်ဆုံးနေ

နယူးဒေလီ၊ ဒီဇင်ဘာ ၁၃ ။         ။ အိန္ဒိယတောင်ပိုင်းတွင် တိုက်ခတ်ခဲ့သော အော့ခီဆိုင်ကလုန်းမုန်တိုင်းကြောင့် ကမ်းခြေများတစ်လျှောက် သေဆုံးရုပ်အလောင်းများ ပိုမိုတွေ့ရှိလာခဲ့ရာ သေဆုံးသူဦးရေသည် ရ၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း တာဝန်ရှိသတင်းရင်းမြစ်များက အီးပီအေသတင်းသို့ ပြောသည်။

“အတည်ပြုထားတာက ၆၂ ဦးပါ။ ဒီနေ့တစ်နေ့တည်း ကိုးဦးသေဆုံးပါတယ်။”ဟု ကာရာလာပြည်နယ်အစိုးရ သတင်းနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ သတင်းပြန်ကြားရေးအရာရှိ ဆူရက်ရှ်ကူးမားက ဆိုသည်။

နိုဝင်ဘာ ၂၉ မှ ၃၀ အတွင်း ကာရာလာနှင့် တမီလ်နာဒူပြည်နယ်များအနှံ့ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ တမီလ်နာဒူးပြည်နယ်အတွင်းမှာ ၁၄ ဦး သေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး
၄၆၂ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြည်နယ်၏ သဘာဝဘေးစီမံခန့်ခွဲရေးအေဂျင်စီက ထုတ်ပြန်သည်။

ကာရာလာပြည်နယ်က ပျောက်ဆုံးသူ ဦးရေမှာ ၁၀၀ ကျော်ရှိကြောင်း သိရသည်။ အော့ခီမုန်တိုင်းသည် အိန္ဒိယသမုဒ္ဒရာတစ်လျှောက် လမ်းကြောင်းအတိုင်း တိုက်ခတ်ရာတွင် သီရိလင်္ကာနိုင်ငံပါ မုန်တိုင်းဒဏ်သင့်ပြီး လူအနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ကာ ငါးဦးပျောက်ဆုံးနေကြောင်း သိရသည်။

မုန်တိုင်းက အာရေဘီယန်းပင်လယ်သို့ ရွှေ့လျားသွားပြီးနောက် အိန္ဒိယအနောက်ကမ်းခြေသို့ တိုက်ခတ်လာရာ ဒီဇင်ဘာ ၅ ရက်တွင် ဂူတာရတ်ပြည်နယ်သို့ ဝင်ရောက်ခဲ့သော်လည်း ယင်းပြည်နယ်က သေဆုံးပျက်စီးမှု သတင်း မရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly