နာမည်ကျော်အမျိုးသမီးဂီတအဖွဲ့ Fifth Harmony မှ နှုတ်ထွက်ခဲ့ပြီးနောက် တစ်နှစ်နီးပါးအကြာခန့်တွင် ကာမီလာကာဘယ်လိုက Camila ဟု ရိုးရှင်းစွာခေါင်းစဉ်ပေးထားသော သူမ၏ပွဲဦးထွက်တစ်ကိုယ်တော် အယ်လ်ဘမ်သည် လာမည့်ဇန်နဝါရီလ ၁၂ရက်နေ့တွင် ထွက်ရှိမည်ဟု ကြေညာခဲ့သည်။
အင်စတာဂရမ်၌ရေးသားခဲ့သော ပို့စ်တစ်ခု၌ ကာမီလာက “ကျမရဲ့ အမာခံပရိတ်သတ်တွေကို ပြောချင်တာက ကျမရဲ့ ပွဲဦးထွက်အယ်လ်ဘမ်ကို နောက်ဆုံးမှာအပြီးသတ်နိုင်ခဲ့ပါပြီ။ အခုတော့ ကျမရဲ့ရင်ခုန်မှုတွေကို အရင် ဆုံး ငြိမ်သက်သွားအောင်လုပ်နေပါတယ်။ ကျမအပေါ် တစ်နှစ်လုံး စိတ်ရှည်ပေးခဲ့တဲ့သူအားလုံးကို ကျေးဇူးတင် ပါတယ်။ ကျမရဲ့အယ်လ်ဘမ်ထဲမှာပါတဲ့ သီချင်းတွေအားလုံးမှာ အမှတ်တရအဖြစ်တွေကိုယ်စီရှိပါတယ်။ လာမယ့် ကြာသာပတေးနေ့မှာ ကျမရဲ့အယ်လ်ဘမ်ကို ကြိုတင်အမှာစာပို့လို့ရပါတယ်။ ရှင်တို့အားလုံးရဲ့ လက်ထဲကို လာမယ့်ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကျမရဲ့အယ်လ်ဘမ် ရောက်ရှိလာပါမယ်” ဟု ရေးသားကာ ပရိသတ်များကို အသိပေးခဲ့သည်။
ကာဘယ်လိုသည် Fifth Harmony အဖွဲ့ထဲမှ ထွက်ခွာခဲ့သည့်နောက်ပိုင်းမှ လက်ရှိအချိန်အထိ Crying in the Club ၊ I Have Questions ၊ Havana စသည့် Singles သီချင်းသုံးပုဒ်ကို ဖြန့်ချီထားပြီးပြီဖြစ်သည်။
ထိုထဲကမှ အဆိုတော် Young Thug နှင့်အတူသီဆိုထားသည့် Havana သီချင်းသည် ၅၂၂၃၀၀ ကော်ပီခန့် ရောင်းချနိုင်ခဲ့ပြီး Youtube မှလည်း ကြည့်ရှုမှုအကြိမ်ရေ ၃၀၀ ကျော်ခန့် ရရှိထားသည်။
Ref: Variety