၂၀၁၈ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စု မဲခွဲမှု အခမ်းအနားကို ဒီဇင်ဘာလ ၁ ရက်၊ သောကြာနေ့က မော်စကိုမြို့ရှိ ကရင်မလင် နန်းတော်မှာ ကျင်းပပြုလုပ်ခဲ့ရာ လက်ရှိချန်ပီယံ ဂျာမနီအသင်းက မက္ကဆီကို၊ ဆွီဒင်နှင့် တောင်ကိုရီးယားတို့နှင့်အတူ ဆုံတွေ့ချိန်မှာ စပိန်အသင်းက ပေါ်တူဂီ၊ အီရန်နှင့် မော်ရိုကိုအသင်းတို့နှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဘရာဇီးအသင်းကတော့ ဆွစ်ဇလန်၊ ကော့စတာရီကာ၊ ဆားဘီးယားတို့နှင့်အတူ တစ်အုပ်စုထဲမှာ ရှိနေပါတယ်။
အုပ်စု A မှာ အိမ်ရှင် ရုရှားအသင်းမှာ ဥရုဂွေးဈ ဆော်ဒီအာရေဗျ၊ အီဂျစ်တို့နှင့် တစ်အုပ်တည်း ကျရောက်ခဲ့ပါတယ်။ ပြင်သစ်အသင်းကတော့ သြစတြေးလျ၊ ပီရူး၊ ဒိန်းမတ်တို့နှင့် အုပ်စု C ၊ နာမည်ကျော် ကစားသမား မက်ဆီပါဝင်တဲ့ အာဂျင်တီးနားအသင်းမှာ အုပ်စု D မှာ အိုက်စလန်၊ ခရိုအေးရှား၊ နိုင်ဂျီးရီးယား၊ အုပ်စု G မှာ နာမည်ကျော် အင်္ဂလန်အသင်းက ပနားမား၊ တူနီးရှား၊ ဘယ်လ်ဂျီယံ၊ အုပ်စု H မှာ ကိုလံဘီယာ၊ ပိုလန်၊ ဆီနီဂေါ၊ ဂျပန်အသင်းတို့ အသီးသီး တွေ့ဆုံလျက်ရှိပါတယ်။
လာမယ့်နှစ် ဇွန်လ ၁၄ ရက်မှာ အိမ်ရှင် ရုရှားနှင့် ဆော်ဒီအာရေဗျတို့ရဲ့ အုပ်စုအဖွင့်ပွဲနှင့်အတူ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို မော်စကိုရှိ Luzhniki အားကစားကွင်းကြီးမှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး ပြိုင်ပွဲကို ဇူလိုင် ၁၅ ရက်ထိ ကျင်းပသွားမှာဖြစ်ပါတယ်။
Ref; EFE-EPA