ဆော်ဒီက ကြယ်ငါးပွင့်အဆင့် အပန်းဖြေစခန်း အဆောင်အယောင်များဖြင့် ဂျီဟတ်များအတွက် ပြန်လည်ထူထောင်ရေး စင်တာ

ဆော်ဒီက ကြယ်ငါးပွင့်အဆင့် အပန်းဖြေစခန်း အဆောင်အယောင်များဖြင့် ဂျီဟတ်များအတွက် ပြန်လည်ထူထောင်ရေး စင်တာ

 

ရီယတ်၊ နိုဝင်ဘာ ၂၉ ။             ။ အတွင်းခန်း ရေကူးကန်၊ နေပူစာလှုံသည့် ဟင်းလင်းပြင်နေရာများနှင့် အထူးဝန်ထမ်းများဖြင့် ဆော်ဒီအာရေဗျနိုင်ငံက ကြယ်ငါးပွင့်အဆင့်ရှိ အပန်းဖြေစခန်း အဆောင်အယောင်များဖြင့် အဆောက်အအုံဝင်းခြံတစ်ခုသည် အမှန်တကယ်အားဖြင့် အကြမ်းဖက် ဂျီဟတ်ဝါဒီများအတွက် ပြန်လည်ထူထောင်ရေးစင်တာတစ်ခုပဲ ဖြစ်သည်။

ရီယတ်တွင် ရှိသော မိုဟာမတ်ဘင်နေယက်ဇ် အကြံပေးနှင့် စောင့်ရှောက်ရေး စင်တာသည် အကျဉ်းထောင်လည်းမကျသည့် တစ်ဝက်တစ်ပျက် လွတ်လပ်မှု ရှိနေသည့် ဂျီဟတ်ဝါဒီများ ပြန်လည်ထူထောင်ရေးစင်တာဖြစ်နေရာ ပြည်တွင်းကြီးထွားသော အစွန်းရောက်များကို ကိုင်တွယ်ဖြေရှင်းရေးတွင် ဆော်ဒီ၏ မဟာဗျူဟာအတွက် အငြင်းပွားဖွယ်များ ဖြစ်စေသည့် စင်တာလည်းပဲ ဖြစ်သည်။

အစွန်းရောက်ဝါဒအား ကမ္ဘာက ချေမှုန်းစစ်ပွဲများတွင် တစ်ခါတစ်ရံ ဒရုန်းလေကြောင်းထိုးစစ်များ၊ ညှင်းပန်းစစ်ကြောမှုများ ရှိနေသော်လည်း ယခုစင်တာက ကျောထောက်နောက်ခံပြုထားသည်မှာ အစွန်းရောက်ဝါဒီများကို အကြမ်းကိုင်ရန် လိုအပ်သည်မဟုတ်ဘဲ အတွေးအခေါ် ပြုပြင်ပေးရန် လိုအပ်ခြင်းသာဖြစ်သည်ဆိုသော အယူအဆပဲ ဖြစ်သည်။

ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များနှင့် အတွေးအခေါ်သမားများ ကြီးကြပ်ကွပ်ကွဲနေသည့် ယင်းစင်တာတွင် ပြစ်ဒဏ်ချမှတ်ခံထားရသော အစွန်းရောက်ဂျီဟတ်များကို ဘာသာရေးရာ တိုင်ပင်နှီးနှောခြင်းနှင့် အစွန်းရောက်ဝါဒမှိုင်း ဖယ်ရှားရှင်းလင်းခြင်းများဖြင့် ပြုမူဆက်ဆံနေကြခြင်း ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ သူတို့ရဲ့ အတွေးအခေါ်တွေကို လမ်းကြောင်းမှန် ရောက်စေဖို့ပါ။ ဘာသာရေးအယူလွဲတာ၊ သွေဖယ်တာတွေကို ပြန်တည့်မတ်ပေးဖို့ပါ။”ဟု စင်တာက ညွှန်ကြားရေးမှူး ယာဟာအဘူက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags