SHINee အဖွဲ့မှ Taemin နှင့်အတူ သီချင်းများပူးပေါင်းဖန်တီးလိုကြောင်း Rain ပြောကြား

SHINee အဖွဲ့မှ Taemin နှင့်အတူ သီချင်းများပူးပေါင်းဖန်တီးလိုကြောင်း Rain ပြောကြား

 

တောင်ကိုရီးယား၏ နာမည်ကျော်အဆိုတော်နှင့်သရုပ်ဆောင်ဖြစ်သူ Rain သည် နိုဝင်ဘာလ ၂၇ ရက်နေ့က ရေဒီယိုအစီအစဉ်တစ်ခုဖြစ်သော 2 O’Clock Escape Cultwo Show ၌ ပါ၀င်ခဲ့ပြီး သူ၏အနုပညာလုပ်ငန်းများ နှင့် ပက်သက်၍ဖြေကြားခဲ့သည်။

အစီအစဉ်ထုတ်လွှင့်စဉ်တွင် အစီအစဉ်မှူးဖြစ်သော ဂျန်ချန်းဝူးက Rain အား မည်သည့်အငယ်တန်းအဆိုတော် နှင့်အတူ သီချင်းများပူးပေါင်းဖန်တီးလိုသလဲဟု မေးမြန်းခဲ့ပြီး Rain က နာမည်ကျော် အမျိုးသားပေါ့ပ်ဂီတအဖွဲ့ SHINee ၏ အဖွဲ့ဝင်ဖြစ်သူ Taemin နှင့်အတူ အလုပ်တွဲလုပ်ချင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

Rain က “သီချင်းတွေအတူပူးပေါင်းဖန်တီးပြီး အလုပ်တွဲလုပ်ရတာဟာ သိပ်ကောင်းပါတယ်။ ဒါပေမယ့်ကျနော် က သီချင်းထုတ်လုပ်သူအဖြစ် ပိုမိုအားသန်ပါတယ်။ ကျနော် Taemin နဲ့အတူ အလုပ်တွဲလုပ်ချင်ပါတယ်။ သူဟာ အကကောင်းသလို ကြင်နာတတ်တဲ့စရိုက်လည်း ရှိပါတယ်” ဟု ဖြေကြားခဲ့သည်။

Rain နှင့် သူ၏ဇနီးဖြစ်သူ မင်းသမီး ကင်မ်တေးဟီးတို့သည် မကြာသေးခင်ကမှ သမီးဦးလေးတစ်ဦး ဖွားမြင် ထားခဲ့သည်။ ဖခင်တစ်ဦးဖြစ်လာသည့် ခံစားချက်နှင့်ပက်သက်၍ Rain အား မေးမြန်းစဉ်တွင် သူက “ဒါက တကယ့်ကို ကောင်းမွန်တဲ့ခံစားချက်ပါ။ ဖော်မပြတတ်တဲ့ ခံစားမှုမျိုးပါပဲ။ ကျနော့်ဘဝရဲ့ ဒုတိယမြောက်အခန်း ကဏ္ဍကို စတင်လိုက်ပြီလို့ ကျနော်ခံစားရပါတယ်” ဟု ဖြေကြားခဲ့သည်။

ဂီတလောကသို့ ပြန်လည်ဝင်ရောက်မည့် Rain သည် လာမည့်ဒီဇင်ဘာလတွင် အယ်လ်ဘမ်အသစ် ဖြန့်ချီရန် စီစဉ်နေကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly