မြင်မြင်ချင်း ချစ်မိတာဆိုတဲ့ မင်းသားဟယ်ရီက ဟောလီဝုဒ် မင်းသမီး မီဂန်ကို ပိုးပန်းခဲ့ပုံအား ဖောက်သည်ချ

မြင်မြင်ချင်း ချစ်မိတာဆိုတဲ့ မင်းသားဟယ်ရီက ဟောလီဝုဒ် မင်းသမီး မီဂန်ကို ပိုးပန်းခဲ့ပုံအား ဖောက်သည်ချ

 

လန်ဒန်၊ နိုဝင်ဘာ  ၂၈ ။                  ။ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီက သူ့ရဲ့ ချစ်သူ အမေရိကန်သရုပ်ဆောင်မင်းသမီး မီဂန်မာကဲလ်ကို ပိုးပန်းခဲ့ပုံအကြောင်း အင်တာဗျူးရင်း တစ်ဆင့်ဖောက်သည်ချခဲ့ပါတယ်။

Playboy မော်ဒယ်တစ်ကြိမ် ဖော်ပြခံရတဲ့ စွဲမက်ဖွယ်မင်းသမီး မီဂန်ဟာ လာမယ့်နှစ်မှာ တော်ဝင်မင်းသား ဟယ်ရီနဲ့ လက်ထပ်မှာဖြစ်ကြောင်း အဲဒီ အင်တာဗျူးမှာ အတည်ပြုလိုက်ချိန်မှာပဲ မင်းသားဟယ်ရီက သူချစ်သူကို နန်းတော်မှာ ခေါ်ပြီး ကြက်ကင်ညစာ တည်ခင်းရင်းကနေ ချစ်ရေးဆို လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်တယ်လို့ ပြန်ပြောင်းပြောပါတယ်။

ဟောလီးဝုဒ်ဘဝကနေ ဗြိတိန်ရဲဲ့ ရာစုအဆက်ဆက် တော်ဝင်မင်းမျိုးမင်းနွယ်အတွင်း ရောက်ရှိတော့မယ့် မီဂန်နဲ့ ပတ်သက်ပြီး မင်းသား ဟယ်ရီက ပြောပြရာမှာ မြင်မြင်ချင်း ချစ်မိသွားတာပါလို့ ဆိုပါတယ်။

စေ့စပ်ကြောင်းလမ်း ပြီးစီးတဲ့ ဟယ်ရီတို့ ချစ်သူနှစ်ဦးနဲ့ ပထမဆုံး အင်တာဗျူးမှာ ဟယ်ရီတို့ စုံတွဲက သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း လန်ဒန်မှာ အလွတ်သဘော ချိန်းတွေ့ခဲ့ပြီးနောက်မှာ မြန်ဆန်စွာပဲ ပိုမိုရင်းနှီးကျွမ်းဝင်သွားခဲ့ကြောင်း၊ ဒါပေမယ့် သူတို့ရဲ့ ပတ်သက်မှုကို သိုဝှက်ထားဖို့ ကြိုးစားခဲ့ကြောင်း ပြောပါတယ်။

သတင်းတွေ ထွက်ပေါ်လာတဲ့အချိန်မှာ မီဒီယာတွေရဲ့ အာရုံစိုက်လာမှုအတွက် ဘာမှမပြင်ဆင်ထားရသေးကြောင်း ဟာရီက ပြောပြီး “ဒီလို အဖြစ်မျိုးက ဘယ်သူအတွက်မှ လွယ်ကူမှာတော့ မဟုတ်ဘူး။”လို့ ဆိုပါတယ်။

“ဒါပေမယ့် သူကလည်း ကျွန်တော်ကို ရွေးချယ်တယ်။ ကျွန်တော်ကလည်း သူကိုပဲ ရွေးတယ်။ ကျွန်တော်တို့နှစ်ဦး အမြဲတမ်း လက်တွဲသွားတော့မှာ ဖြစ်တယ်။”ဆိုပြီး ဟယ်ရီက ပြောပါတယ်။

မီဂန်ကလည်း သူ ဝတ်ဆင်ထားတဲ့ စေ့စပ်လက်စွပ်ကို ပြသလျက်ကနေ “သူ အရမ်းပျော်နေကြောင်း” ပြောပါတယ်။ ဒီစေ့စပ်လက်စွပ်ဟာ ဟာရီရဲ့ အမေ မင်းသမီး ဒိုင်ယာနာ ပိုင်ဆိုင်ခဲ့တဲ့ စိန်စီလက်စွပ်ပဲ ဖြစ်ပါတယ်။

ဟောလီးဝုဒ် ဇာတ်ကားတစ်ချို့မှာ တစ်ထောင့်တစ်နေရာက ပါဝင်သရုပ်ဆောင်ရတဲ့ မင်းသမီး မီဂန်ဟာ အိမ်ထောင်ကျဖူးသူတစ်ဦးဖြစ်ပြီး အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူလည်းပဲ ဖြစ်ပါတယ်။ တော်ဝင်ဓလေ့ထုံးစံတွေနဲ့ သိပ်အံ့မဝင်နိုင်ဟန် ရှိနေတဲ့ မီဂန်ဟာ မီဒီယာတစ်ချို့က သူဟာ စိတ်အားငယ်နေတယ်လို့ ဖော်ပြချက်တွေကိုလည်း ဝန်ခံထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly