လာမည့်နှစ်တွင် လက်ထပ်တော့မည့် ဗြိတိန်မင်းသား ဟယ်ရီ

လာမည့်နှစ်တွင် လက်ထပ်တော့မည့် ဗြိတိန်မင်းသား ဟယ်ရီ

 

နိုဝင်ဘာ ၂၇ ။            ။ ဗြိတိန်အိမ်ရှေ့စံမင်းသား ချားလ်၏ သားတော်ငယ်ဖြစ်သည့် မင်းသား ဟယ်ရီနှင့် ၎င်း၏ ချစ်သူ အမေရိကန်မင်းသမီး မီဂန် မာကယ်လ်တို့ လာမယ့်နှစ်ထဲတွင် လက်ထပ်ပွဲ ဆင်ယင်ကျင်းပပြုလုပ်တော့မည်ဖြစ်ကြောင်း အိမ်ရှေ့စံအိမ်တော်က တရားဝင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

၎င်းတို့ စုံတွဲသည် ယခုလအစောပိုင်းက တရားဝင်စေ့စပ်ကြောင်းလမ်းထားပြီးဖြစ်ကြောင်းလည်း ယင်းအိမ်တော်က ထုတ်ပြန်သည်။

" မင်းသား ဟယ်ရီနဲ့ မီဂန် မာကယ်လ်တို့ စေ့စပ်ကြောင်းလမ်းလိုက်ပြီ ဆိုတာကို ဂုဏ်ယူဝမ်းမြောက်စွာ ကြေညာလိုပါတယ်၊ သူတို့ မင်္ဂလာပွဲ လာမယ့်နှစ် နွေရာသီမှာ ကျင်းပကြပါလိမ့်မယ်" ဆိုပြီး ဗြိတိန် အိမ်ရှေ့စံ အိမ်တော်က ထုတ်ပြန်သည်။

အသက် ၃၃ နှစ်အရွယ် မင်းသား ဟယ်ရီအနေဖြင့် ၎င်း လက်ထပ်မည့်ကိစ္စကို ဘွားအေဖြစ်သူ ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်ထံကိုလည်း အကြောင်းကြားထားပြီးဖြစ်သလို သတို့သမီးဖြစ်သည့် မာကယ်လ်၏ မိဘများထံတွင်လည်း သွားရောက်တောင်းရမ်းခွင့်ပြုချက် ယူထားပြီး ဖြစ်ကြောင်း သိရသည်။

မင်းသား ဟယ်ရီတို့ စုံတွဲသည် လက်ထပ်ပြီးပါက လန်ဒန် ကန်ဆင်တန် နန်းတော်ရှိ နော်တင်ဟမ် နေအိမ်တွင် နေထိုင်ကြမည်ဖြစ်သည်။ ကန်ဆန်တန် နန်းတော်တွင် ၎င်း၏ အကိုဖြစ်သူ မင်းသား ၀ီလျံနှင့် ကြင်ယာတော် ကိတ်တို့ မိသားစုလည်း နေထိုင်ကြလျက်ရှိသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly