နည်းပြမွန်တဲလားကို ရာထူးက ထုတ်ပယ်ပြီး ဂတ်တူဆိုကို နည်းပြသစ်အဖြစ် အေစီမီလန်အသင်းခန့်အပ်

နည်းပြမွန်တဲလားကို ရာထူးက ထုတ်ပယ်ပြီး ဂတ်တူဆိုကို နည်းပြသစ်အဖြစ် အေစီမီလန်အသင်းခန့်အပ်

နိုဝင်ဘာ ၂၇၊ အီတလီ ။             ။ အေစီမီလန်အသင်းသည် ရလဒ်များဆိုးရွားမှုကြောင့် နည်းပြမွန်တဲလားကို ရာထူးမှထုတ်ပယ်လိုက်ပြီး ကစားသမားဟောင်း ဂတ်တူဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။

မွန်တဲလားသည် ၂၀၁၆ ခုနှစ်ကစတင်ပြီး အေစီမီလန်အသင်းကို စတင်ကိုင်တွယ်ခဲ့သူ ဖြစ်သည်။ ပထမဆုံးရာသီတွင် စီးရီးအေ၌ အဆင့်ခြောက်နေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အေစီမီလန်အသင်းမှာ ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိခဲ့သည်။

သို့သော် ယခုနှစ်ရာသီတွင် အေစီမီလန်အသင်းမှာ ပွဲစဉ် ၁၄ ပွဲပြီးဆုံးချိန်၌ နိုင်ပွဲ ၆ ပွဲသာ ရရှိပြီး အဆင့် ရ နေရာသို့ ရောက်ရှိနေသည်။ မွန်တဲလားသည် ၂၀၁၉ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆိုထားသော်လည်း အသင်းရလဒ်များ ဆိုးရွားနေခြင်းကြောင့် အေစီမီလန်အသင်းအာဏာပိုင်များက ရာထူးမှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။

အေစီမီလန်အသင်းသည် နည်းပြသစ်အဖြစ် ကစားသမားဟောင်း ဂတ်တူဆိုကို ချက်ခြင်း ခန့်အပ်ခဲ့သည်။ အသက် ၃၉ နှစ်အရွယ်ရှိ ဂတ်တူဆိုမှာ နည်းပြအတွေ့အကြုံနည်းပါးသူဖြစ်ပြီး လက်ရှိတွင် အေစီမီလန်လူငယ်အသင်းကို ကိုင်တွယ်နေသူ ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly