ဘရိုက်တန်နောက်ခံလူကို ကန်ခဲ့သည့် မန်ယူတိုက်စစ်မှူးလူကာကူ ၃ ပွဲပယ်ခံရဖွယ်ရှိ

ဘရိုက်တန်နောက်ခံလူကို ကန်ခဲ့သည့် မန်ယူတိုက်စစ်မှူးလူကာကူ ၃ ပွဲပယ်ခံရဖွယ်ရှိ

နိုဝင်ဘာ ၂၇၊ အင်္ဂလန် ။            ။ မန်ယူအသင်းက ဘရိုက်တန်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် မန်ယူတိုက်စစ်မှူး လူကာကူသည် ဘရိုက်တန်နောက်ခံကစားသမား ဂိုက်တန်ဘောင်း၏ပေါင်ခြံကို ကန်ခဲ့သည့်အတွက် ၃ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေသည်။

လူကာကူသည် အက်ရှ်လေယန်းဂိုးကန်သွင်းခါနီးအချိန်တွင် ဘောင်းကိုကန်ခဲ့ခြင်းဖြစ်သည်။ ယန်း၏ဂိုးကို ပြန်လည်ကြည့်ရှုရာမှ လူကာကူ၏ ၂ ကြိမ်တိုင်ကန်ခဲ့မှုကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ အက်ဖ်အေသည် ဒိုင်လူကြီး နီးလ်စဝါဘရစ်၏ ပွဲပြီးမှတ်တမ်းနှင့် ဗီဒီယိုဖိုင်များကို ပြန်လည်လေ့လာပြီး လူကာကူကို အရေးယူမှု ပြုလုပ်မည် ဖြစ်သည်။

လူကာကူအနေဖြင့် သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရပါက ၀က်ဖို့ဒ်၊ အာဆင်နယ်၊ မန်စီးတီးတို့နှင့် ယှဉ်ပြိုင်ရမည့်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေသည်။

လူကာကူသည် လီဗာပူးလ်နှင့် ကစားခဲ့သည့်ပွဲစဉ်တုန်းကလည်း ပြိုင်ဘက်နောက်ခံလူ လိုဗရန်ကို ကန်ခဲ့ဖူးသူဖြစ်သည်။ သို့သော် ထိုအဖြစ်အပျက်ကို အက်ဖ်အေက အရေးယူခြင်းမရှိခဲ့သည့်အတွက် ပွဲပယ်ခြင်းမခံခဲ့ရပေ။

လူူကာကူသည် ယခုနှစ်ရာသီတွင် မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၈ ဂိုးအထိသွင်းယူထားသူဖြစ်သည့်အတွက် ၎င်းမပါ၀င်နိုင်ပါက အာဆင်နယ်၊ မန်စီးတီးတို့နှင့်ကစားမည့်ပွဲတွင် မန်ယူအသင်းအတွက် အခက်အခဲ ဖြစ်လာနိုင်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly