ရီးယဲလ်အသင်းနည်းပြ ဇီဒန်းက ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှ ကစားသမားများကို ရောင်းချသွားမှာ မဟုတ်ကြောင်းနှင့် ကစားသမားသစ်များကိုသာ ခေါ်ယူရန် ရှိကြောင်း တုံပြန်ပြောဆိုသွားပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ လက်ရှိရာသီမှာ ဘာစီလိုနာ နောက် ၁၀ မှတ် အကွာဖြင့် ရပ်တည်နေရမှုများကြောင့် အသင်းမှ ကစားသမားများကို ရောင်းချဖွယ်ရှိနေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကသတင်းများ ထွက်ပေါ်ခဲ့ပါတယ်။
“ဇန်နဝါရီအပြောင်းအရွှေ့လား? အသင်းကနေ ဘယ်ကစားသမားမှ ထွက်ခွာဖို့ မရှိပါဘူး။ ကစားသမားအဝင်အတွက် ဘာမဆိုဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကျနော့်တို့ စောင့်ကြည့်ကြတာပေါ့။ ဒါပေမယ့် ကျနော်တို့က အခုအချိန်မှာ အဝင်နှင့် အထွက် ကစားသမားတွေရဲ့ အကြောင်းကို ပြောနေတာ မဟုတ်ပါဘူး။”လို့ ဇီဒန်းက ပြောပါတယ်။
ရီးယဲလ်အသင်းက မန်ယူတိုက်စစ်မှူး မာရှယ်ကို ပေါင် သန်း ၈၀ နဲ့ ခေါ်ယူဖို့ ဆက်သွယ်နေတယ်လို့ အသင်းများ ထွက်ပေါ်လာပါတယ်။
မန်ယူအသင်းဘက်မှလည်း ဘေးလ်ကို ရီးယဲလ်အသင်းမှ ထွက်ခွာပြီး ပရီးမီးယားလိဂ်သို့ ပြန်လည် ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပေမယ့် နည်းပြ ဇီဒန်းကတော့ ဒီသတင်းတွေကို ပယ်ချခဲ့ပါတယ်။
Ref; Express