ချယ်ရီ အက်ဖ်အမ်က အများပြည်သူ ထိတ်လန့်စေမည့် အသံလွှင့်ချက်ပြုလုပ်မည်ကို စိုးရိမ် ဟုပြန်ကြားရေးဝန်ကြီး ဆို

ချယ်ရီ အက်ဖ်အမ်က အများပြည်သူ ထိတ်လန့်စေမည့် အသံလွှင့်ချက်ပြုလုပ်မည်ကို စိုးရိမ် ဟုပြန်ကြားရေးဝန်ကြီး ဆို
သြဂုတ် ၁၈ ရက်က လွှတ်တော်တွင် သတင်းထောက်များအား ဖြေကြားနေသည့် ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ််။ ဓာတ်ပုံ - မင်းမင်း

ရန်ကုန်၊ သြဂုတ် ၁၈ ။         ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း ပြဿနာများ ဖြစ်ပေါ်နေသည့် အချိန်တွင် ပါတီပူးတွဲ ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံရသည့် သူရဦးရွှေမန်း၏ ချွေးမ ဦးစီးလုပ်ကိုင်နေ သည့် ချယ်ရီ FM က အများပြည်သူ ထိတ်လန့်စေမည့် ဟောပြောချက်၊ အသံလွှင့်ချက်များကို ထုတ်လွှင့်မည်ကို စိုးရိမ် သည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကပြောသည်။

၎င်းက သြဂုတ် ၁၈ ရက် နေ့လယ်တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ခန်းမ အပြင် ဘက်၌ မီဒီယာများအား ရှင်းလင်းရာတွင် ပြောကြားခြင်း ဖြစ်သည်။

၎င်းက “ချယ်ရယ်ရီ FM နဲ့ ဖြစ်တဲ့ကိစ္စမှာ ပွင့်ပွင့်လင်းလင်း ပြောရရင် ပါတီတွင်းမှာ ဒီလို ပါတီတွင်းရေးရာ ကိစ္စဖြစ်နေတဲ့ အချိန်မှာ ချယ်ရီ FM ကနေ တစ်ဆင့် တစ်စုံတစ်ယောက်ကနေ ဖြစ်ဖြစ် သူရဲ့ ဝန်ထမ်းတွေကနေဖြစ်ဖြစ် လူတွေ အထိတ်တလန့် ဖြစ်စေမယ့် ဟောပြောချက်တွေ အသံလွှင့်ချက်တွေ လုပ်လိုက်မှာကို စိုးရိမ်တာ” ဟု ပြောသည်။

ထို့ပြင် ချယ်ရီ FM သည်  သူရဦးရွှေမန်း၏သား ဦးတိုးနိုင်မန်း၏ ဇနီး လုပ်ကိုင်နေကြောင်း ၊ ဦးတိုးနိုင်မန်းသည်လည်း ပြည်ထောင်စုလွှတ်တော် နာယကကြီး၏ အားကိုးရသည့်သား ဖြစ်သည့် အပြင် ဦးတိုးနိုင်မန်း ကိုယ်တိုင်ပင်လျှင် ပြည်သူ့လွှတ်တော်၏ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဖြစ်နေသောကြောင့် မလိုလားအပ်သည့် ကိစ္စများဖြစ်လာ မည်ကို စိုးရိမ်သည့်အတွက် ညှိနေသည့် သဘောရှိသည်ဟုလည်း ပြောသည်။

ချယ်ရီ FM က အစိုးရလိုချင်သည့် အဓိကအချက် နှစ်ချက်ဖြစ်သော မလိုလားအပ်သည့် ထုတ်လွှင့်မှုများ မထုတ်လွှင့်ရန်၊ ရွေးကောက်ပွဲအကြိုနှင့် ရွေးကောက်ပွဲကာလတွင် အစိုးရ ချမှတ် ထားသည့် စည်းကမ်းအတိုင်း လုပ်ဆောင်နိုင်မည့် အစီအစဉ်များကို အစိုးရထံ ပို့ထားကြောင်းလည်း ဝန်ကြီးက သတင်းထောက်များအား ပြောသည်။

ချယ်ရီ FM တင်ပြချက်များကို လေ့လာသွားမည် ဖြစ်ပြီး  ဆက်လက် ထုတ်လွှင့်ခွင့် ပြုမပြုကို ဆုံးဖြတ်သွားမည်ဟုလည်း ဦးရဲထွဋ်က ဆိုသည်။

နိုင်ငံရေး အခြေအနေအရလည်းကောင်း၊ စာချုပ်နှင့် ကျင့်ဝတ်အရလည်းကောင်း နှစ်ဦးနှစ်ဖက် နစ်နာမှုများ ရှိနိုင်သောကြောင့် Cherry FM ထုတ်လွှင့်မှုကို အချိန်သုံးလကြာ ရပ်နားရန် နှစ်ဦးနှစ်ဖက် သဘောတူထားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေက မဇ္ဈိမကို ပြော ထားသည်။

ချယ်ရီ FMသည် ပြီးခဲ့သည့် ရက်ပိုင်းက အာဏာရပါတီ၏ ဥက္ကဋ္ဌရာထူးမှ ဖြုတ်ချခံလိုက်ရသည့် သူရဦးရွှေမန်း၏ ချွေးမဖြစ်သူ ဒေါ်ဇေဇင်လတ် ဦးဆောင်လုပ်ကိုင်နေသည့် လုပ်ငန်းတစ်ခု ဖြစ်သည်။

U Ye Htut talks to the media at the Pyithu Hluttaw

U Ye Htut talks to members of the media at the Pyithu Hluttaw in Naypyitaw on 18 August 2015.

Posted by Burma News from Mizzima on Tuesday, August 18, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly