ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ကိုးရာနီးပါးရှိ

ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ကိုးရာနီးပါးရှိ

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းကြရာ စုစုပေါင်း ကိုးရာနီးပါး ရှိကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ စာရင်းများ အရသိရသည်။

ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၁၄ ရက်အထိ ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းလွှာများကို လက်ခံခဲ့ရာ ပြည်သူ့လွှတ်တော် အတွက် ၂၆၃ ဦး၊ အမျိုးသား လွှတ်တော် အတွက်  ၆၁ ဦး၊ ရှမ်းပြည်နယ် လွှတ်တော် အတွက် ၅၁၆ ဦး၊ တိုင်းရင်းသား လူမျိုးစု အတွက် ၃၇ ဦး ဖြစ်ပြီး စုစုပေါင်း ၈၇၇ ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း၌ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုများအရ အများဆုံး မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော် ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်၌ ၁၂ ဦး၊ အမျိုးသားလွှတ်တော် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁ နှင့် ၄ တို့၌  ရှစ်ဦးစီ၊ ရှမ်းပြည်နယ်လွှတ်တော် တာချီလိတ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ၌ ၁၀ ဦး၊ တိုင်းရင်းသားလူမျိုးစုအတွက် လီဆူတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက်  ရှစ်ဦးတို့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly