အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်သို့ ရောက်ရှိ

အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်သို့ ရောက်ရှိ

 

နိုဝင်ဘာ ၁၁ ။           ။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပမယ့် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၁ ရက် နေ့လည်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ Clark နိုင်ငံတကာလေဆိပ်ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လိုက်ပါလာတဲ့ လေယာဉ်ဟာ ဖိလစ်ပိုင်နိုင်ငံ Pampanga ဒေသမှာရှိတဲ့ Clark နိုင်ငံတကာလေဆိပ်ကို ဒေသစံတော်ချိန် နေ့လည် ၂ နာရီနဲ့ မိနစ် ၂၀ မှာ ဆိုက်ရောက်လာခဲ့ပါတယ်။

လေဆိပ်ကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Jeryl Santos အပါအဝင် သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများက ကြိုဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ ဖိလစ်ပိုင်ကို ရောက်ရှိခဲ့ပါသေးတယ်။ ဒါ့အပြင် သူမရဲ့ ပထမဆုံးသော မနီလာခရီးစဉ်မတိုင်ခင် တစ်လခန့်ကလည်း မြန်မာနိုင်ငံမှာ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးနဲ့ တွေ့ဆုံထားခဲ့ပါသေးတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly