ရေကြောင်းမြေပုံ ထုတ်ရန် နှင့် ရေလမ်းတိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ရန် သင်တန်းပေးနေ

ရေကြောင်းမြေပုံ ထုတ်ရန် နှင့် ရေလမ်းတိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ရန် သင်တန်းပေးနေ

ဧရာဝတီမြစ်ကြောင်းတလျှောက် မန္တလေးနှင့် ညောင်ဦးရေလမ်းကြောင်းတွင် ရေကြောင်းမြေပုံ ထုတ်လုပ်နိုင်ရန် နှင့် ရေလမ်းတိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သင်တန်းပေးခြင်းကို ကမ္ဘာ့ဘဏ်အဖွဲ့ အကူအညီဖြင့် နိုဝင်ဘာလ ၁၀ ရက်၊နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်နေကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွ့ံဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

"ရေကြောင်းတိုင်းတာရေးနဲ့ ရေကြောင်းမြေပုံထုတ်လုပ်နိုင်ဖို့ ခေတ်မှီနည်းပညာတွေ အသုံးပြုနိုင်ရေးအတွက် ကမ္ဘာဘဏ်အဖွဲ့ကနေ အဲဒီနည်းပညာတွေနဲ့ ခေတ်မှီကိရိယာတွေ လက်တွေ့သုံးတာကို သင်ကြားပေးရင်းနဲ့ တပါတည်းတိုင်းတာရေးတွေလုပ်ပါတယ်။"ဟု တိုင်းတာရေးဌာနခွဲ(ရန်ကုန််)မှဒုတိယညွန်ကြားရေးမှူး ဦးစိုးလှိုင် က ပြောသည်။

ဆက်လက်၍ ၎င်းက "တိုင်းတာထုတ််လုပ်လိုက်တဲ့ ပုံတွေပေါ်မူတည်ပြီး ရေဘက်ဆိုင်ရာ အင်ဂျင်နီယာလုပ်ငန်း တွေမှာ Supporting ပေးနိုင်မယ်။ ကမ်းပြိုကာကွယ်ရေးတွေ၊   သောင်တူးလုပ်ငန်းတွေစတဲ့ မြစ်ကြောင်းအတွင်း ရေနဲ့ပတ်သက်တဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ အကျိုးရှိစေမှာပါ။”ဟုပြောသည်။

ထိုသို့တိုင်းတာနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ၊ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် ကြီးကြပ်ရေးမှူ းနှင့်လက်ထောက်ကြီးကြပ်ရေးမှူ းများပါဝင်သည့် သင်တန်းသား ၁၂ ဦးကို စာတွေ့၊လက်တွေ့ သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly