ဟာရီကိန်းကို စီရော်နယ်ဒိုဖြင့်ပင်မလဲနိုင်ဟု ဗာတွန်ဂမ်ပြော

ဟာရီကိန်းကို စီရော်နယ်ဒိုဖြင့်ပင်မလဲနိုင်ဟု ဗာတွန်ဂမ်ပြော

 

နိုဝင်ဘာ ၁၊ လန်ဒန်။               ။ စပါးနောက်ခံလူဗာတွန်ဂမ်က တိုက်စစ်မှူးဟာရီကိန်းကိုချီးကျူးခဲ့ပြီး စီရော်နယ်ဒိုအပါအဝင်မည်သည့်ကစားနှင့်မှ မလဲနိုင်ဟု ပြောဆိုလိုက်သည်။

ဟာရီကိန်းမှာ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူးစီရော်နယ်ဒိုနှင့် အရည်အချင်းအတူတူလောက်ရှိမည်ဟုလည်း ဘယ်လ်ဂျီယံ နောက်ခံလူက ဆိုသည်။

“သူတို့က မယုံနိုင်လောက်အောင် ထူးချွန်ကြသူတွေပါ။ စီရော်နယ်ဒိုမှာ သူ့အရည်အချင်းနဲ့သူရှိသလို ဟာရီကိန်းမှာလည်း ရှိပါတယ်။

ကျွန်တော်တို့အနေနဲ့ စီရော်နယ်ဒိုကို သူ့ရဲ့အောင်မြင်မှုတွေ၊ သူ့ခြေစွမ်းအဆင့်အတန်းနဲ့ သူလုပ်ပြခဲ့တာတွေအတွက် လေးစားပါတယ်။

ကျွန်တော့်အတွက်တော့ ဟာရီကိန်းက ဥရောပမှာအကောင်းဆုံး နံပါတ် ၉ နေရာ ကစားသမားပါ။ အဲဒါကို အပတ်တိုင်းသူလုပ်ပြ ခဲ့ပြီး လက်ရှိအချိန်မှာ ဟာရီကိန်းကို ဘယ်သူနဲ့မှမလဲနိုင်ပါဘူး”ဟု ဗာတွန်ဂမ်က ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly