မန်ယူနှင့်ပွဲမှာ အနိုင်ကစားရမည့်ပွဲဟု ကော့တွိုက်စ်ပြော

မန်ယူနှင့်ပွဲမှာ အနိုင်ကစားရမည့်ပွဲဟု ကော့တွိုက်စ်ပြော

 

နိုဝင်ဘာ ၁၊ လန်ဒန်။                 ။ ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကိုကာကွယ်ရန် တနင်္ဂနွေနေ့ပွဲစဉ်တွင် မန်ချက်စတာယူနိုက်တက်ကို စတမ်းဖို့ဒ်ဘရစ်ချ်၌ အနိုင်ရရန် လိုအပ်သည်ဟု ဂိုးသမား ကော့တွိုက်စ်က ထင်မြင်နေသည်။

၁၀ ပွဲကစားပြီး အဆင့် ၄ နေရာရောက်နေသည့် ချယ်လ်ဆီးအသင်းသည် အမှတ်ပေးဇယားထိပ်ဆုံးမှ မန်စီးတီးအသင်းနှင့် ကိုးမှတ်ကွာဟနေသည်။

မန်ယူနိုက်တက်အသင်းကို ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုကကိုင်တွယ်နေပြီး အနောက်လန်ဒန်အခြေစိုက်အခြေစိုက် လက်ရှိချန်ပီယံထက် လေးမှတ်အသာရထားသည်။

ရိုးမားနှင့်ကစားသည့် ချန်ပီယံလိဂ်ပွဲတွင် သုံးဂိုးပေးထားရသည့် ဂိုးသမားကော့တွိုက်စ်က အနိုင်ရမှ ချန်ပီယံဆုအတွက် ဆက်လက် အာရုံစူးစိုက်နိုင်မည်ဟု ယူဆနေသည်။

“ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်နားမှဆက်ရှိနိုင်ဖို့ ဒီပွဲက အနိုင်ရကိုရမှဖြစ်မှာပါ။ စီးတီးက ကိုးမှတ်ဖြတ်ထားပြီး ယူနိုက်တက်က လေးမှတ်ဖြတ်ထားပါတယ်။ စပါးနဲ့တစ်မှတ်ပဲကွာပေမယ့် ဇယားထိပ်နားမှာပဲဆက်ရှိချင်ရင် တခြားအသင်းတွေနဲ့ အမှတ်မကွာချင်ရင် နိုင်ကိုနိုင်မှဖြစ်မှာပါ။ အနိုင်သုံးမှတ်ရဖို့ ကျွန်တော်တို့ကြိုးစားမယ်”ဟု ကော့တွိုက်စ်က ဆိုသည်။

ချယ်လ်ဆီးအသင်းသည် ဥရောပပြိုင်ပွဲကစားရခြင်းမရှိသည့် ၂၀၁၅-၁၆ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ဖလားရရှိခဲ့သည်။ လက်ရှိရာသီတွင် ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲနှစ်ရပ်ကို ကစားနေရသော်လည်း အသင်းအတွက်အခက်အခဲမရှိဟု ကော့တွိုက်စ်က ဆိုသည်။

Ref; goal.com

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly