ပါကစ္စတန်တွင် ဥပဒေပြဌာန်းပြီးသော်လည်း အမျိုးသမီးများ ဂုဏ်အတွက်သတ်ဖြတ်ခံနေရခြင်းများ လျော့မသွားဘဲ ဆက်လက်ဖြစ်ပွားနေ

ပါကစ္စတန်တွင် ဥပဒေပြဌာန်းပြီးသော်လည်း အမျိုးသမီးများ ဂုဏ်အတွက်သတ်ဖြတ်ခံနေရခြင်းများ လျော့မသွားဘဲ ဆက်လက်ဖြစ်ပွားနေ

 

ကရာချိ၊ အောက်တိုဘာ ၃၁ ။            ။ ပါကစ္စတန်နိုင်ငံတွင် ဂုဏ်အတွက်သတ်တ်ဖြတ်ခြင်းများ honor killings ရပ်တန့်အောင် ရည်ရွယ်သည့် ဥပဒေ အသက်ဝင်သည်မှာ တစ်နှစ်ရှိ ပြီဖြစ်သော်လည်း အမျိုးသမီး ဒါဇင်များစွာမှာ မိသားစု အရှက်ရစေသည်ဆိုကာ ဆွေမျိုးများ၏ ဂုဏ်အတွက် သတ်ဖြတ်ခြင်းများကို ခံနေရဆဲဖြစ်သည်။

ပြီးခဲ့သည့် နှစ်ဇူလိုင်လအတွင်းက လူမှုမီဒီယာတွင် ကျော်ကြားသူ ကန်ဒီးဘာလော့ချ်အား မောင်ဖြစ်သူက သတ်ဖြတ်ခဲ့မှုဖြစ်ပွားရာမှ ဂုဏ်အတွက်သတ်ဖြတ်ခြင်းများ ဖြစ်ပွားပျံ့နှံ့နေခြင်းကို မီးမောင်းထိုး ဖော်ပြလာကြပြီး ယင်းသို့သော သတ်ဖြတ်မှုများ မပေါ်ပေါက်ရေး လုပ်ဆောင်လာခဲ့သည်။

ထိုသတ်ဖြတ်ခြင်းများအတွက် ရေရှည်စောင့်စားနေရသော ဥပဒေကို သုံးလအကြာတွင် အတည်ပြုနိုင်ခဲ့ရာ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက ချီးကျုးကြိုဆိုခဲ့ကြသည်။

သို့သော်လည်း ဥပဒေပြုပြီး တစ်နှစ်ကြာပြီးသော်လည်း ဂုဏ်အတွက်သတ်ဖြတ်ခြင်းများက သတိထားစရာနယ်မြေများတွင် ဆက်လက်ဖြစ်ပွားနေကြောင်း ရှေ့နေများနှင့် တက်ကြွလှုပ်ရှားသူများက ပြောသည်။

၂၀၁၆ အောက်တိုဘာမှစကာ ယခုနှစ် ဇူလိုင်အတွင်း ထိုသို့ဂုဏ်အတွက် သတ်ဖြတ်မှုပေါင်း အနည်းဆုံး ၂၈၀ ရှိကြောင်း လွတ်လပ်သော ပါကစ္စတန်လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်သည်။ ထိုနှုန်းထားမှာလည်း လျှော့တွက်ထားသည့် မပြည့်စုံသေးသော နှုန်ူထားဖြစ်သည်။

"ဒီမှာက ဘာမှ ပြောင်းလဲမသွားဘူး။ ဥပဒေ ပြဌာန်းပြီးပေမယ့် မပြောင်းလဲဘူး။"ဟု လွတ်လပ်သော အမျိုးသမီးအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ သြရတ်ဖောင်ဒေးရှင်းက အေအက်ဖ်ပီသို့ ပြောခဲ့သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags