မိုဂိုဒစ်ရှုးမြို့တိုက်ခိုက်ခံရမှုကြောင့် ၁၄ဦးသေဆုံးပြီး သေနတ်သမားများအား လုံခြံုရေးတပ်ဖွဲ့သုတ်သင်

မိုဂိုဒစ်ရှုးမြို့တိုက်ခိုက်ခံရမှုကြောင့် ၁၄ဦးသေဆုံးပြီး သေနတ်သမားများအား လုံခြံုရေးတပ်ဖွဲ့သုတ်သင်

 

မိုဂါဒစ်ရှု၊ ဆိုမာလီယာ၊ အောက်တိုဘာ ၃၀။                   ။ ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှုမြို့၌ ကားဗုံးပေါက်ကွဲမှုများကြောင့် ၁၄ဦးထက်မနည်းသေဆုံးခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက တိုက်ခိုက်မှုကျူးလွန်ခဲ့သည့် သေနတ်သမားများထဲမှ ၂ဦးကို သုတ်သင်ကာ ၃ ဦးကို လက်ရဖမ်းဆီးခဲ့ကြောင်း ဆိုမာလီယာအာဏာပိုင်များက တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။

ရှာဘတ်အကြမ်းဖက်အဖွဲ့မှ သေနတ်သမားများ ပုန်းအောင်းနေခဲ့ကြသည် မိုဂါဒစ်ရှုးမြို့ရှိ ဟိုတယ်တစ်လုံး အတွင်းမှ လူအများအပြားကို ကယ်ထုတ်ခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့ဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ သည်။

တိုက်ခိုက်မှုသည် ပြီးခဲ့သောစနေနေ့ကစတင်ခဲ့ခြင်းဖြစ်ပြီး နာဆာဟတ်ဘ်လော့ဒ်ဟိုတယ်ဝင်ပေါက်၌ ကားဗုံး တစ်လုံးရှေးဦးစွာ ပေါက်ကွဲခဲ့ကာ ထို့နောက်တွင် အနီးရှိလမ်းဆုံတစ်ခုပေါ်မှ မီနီဘတ်စ်ကားတစ်စီး ပေါက်ကွဲ ခဲ့ခြင်းဖြစ်သည်။

“ပေါက်ကွဲမှုပြီးနောက်မှာ သေနတ်သမား ၅ဦးဟာ အဆောက်အဦးအတွင်းကို တရကြမ်းဝင်ရောက်ခဲ့ပါတယ်။ သေနတ်သမား ၂ဦးကို သုတ်သင်နိုင်ခဲ့ပြီး ကျန်လူတွေကို လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဟာ အသေအပျောက်စာရင်းကို ထပ်မံအတည်ပြုပေးနိုင်ဖို့ ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။ ဒီအချိန်ထိ တော့ ဘာမှတိတိကျကျပြောလို့မရသေးပါဘူး” ဟု ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များကို ပြောခဲ့သည်။

နောက်ထပ်လုံခြုံရေးအရာရှိတစ်ဦးဖြစ်သူ မိုဟာမက်မိုအာလမ်အေဒန်က သေဆုံးသူစာ၇င်းမှာ ၁၄ဦးအထိ မြင့်တက်လာခဲ့ပြီဖြစ်ပြီး သေဆုံးသူအများစုမှာ အရပ်သားများဖြစ်ကြကြောင်း ပြောခဲ့သည်။

အကြမ်းဖက်သမားများ၏တိုက်ခိုက်မှုကြောင့် သေဆုံးသူများစာရင်းထဲ၌ အကြီးတန်းရဲအရာရှိတစ်ဦးနှင့် လွှတ်တော်အမတ်ဟောင်းတစ်ဦး ပါဝင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags