အာဂျင်တီးနားတိုက်စစ်မှူးဟီဂူအင် စီးရီးအေ ဂိုး ၁၀၀ ပြည့်မြောက်

အာဂျင်တီးနားတိုက်စစ်မှူးဟီဂူအင် စီးရီးအေ ဂိုး ၁၀၀ ပြည့်မြောက်

အောက်တိုဘာ ၂၉၊ အီတလီ ။         ။ အေစီမီလန်အသင်းအား ဂျူဗင်တပ်စ်အသင်းက ဆန်စီရိုကွင်းတွင် ဝ-၂ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲစဉ်၌ အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင်သည် သူ၏စီးရီးအေဂိုး ၁၀၀ မြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့သည်။

ထိုပွဲတွင် ဟီဂူအင်မှာ ဂျူဗင်တပ်စ်အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့ပြီး ပထမသွင်းဂိုးမှာ စီးရီးအေဂိုး ၁၀၀ ပြည့် သွင်းဂိုးဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ရှိ ဟီဂူအင်သည် နာပိုလီအသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့တွင် စီးရီးအေပွဲပေါင်း ၁၅၃ ပွဲ ကစားခဲ့ရာ၌ ၁၀၁ ဂိုးသွင်းယူထားနိုင်ပြီ ဖြစ်သည်။ နာပိုလီအသင်းတွင် ၇၁ ဂိုးသွင်းယူခဲ့ပြီး ဂျူဗင်တပ်စ်အတွက် ဂိုး ၃၀ သွင်းယူခဲ့သည်။

စီးရီးအေဂိုး ၁၀၀ ပြည့်မြောက်ခဲ့သည့်အတွက် ဝမ်းမြောက်မိကြောင်း အာဂျင်တီးနားတိုက်စစ်မှူးက ပြောဆိုခဲ့သည်။

ယခုနိုင်ပွဲကြောင့် ဂျူဗင်တပ်စ်အသင်းမှာ အမှတ်ပေးဇယားကိုဦးဆောင်နေသည့် နာပိုလီအသင်းကို ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly