မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ထိပ်ပိုင်းခေါင်းဆောင် ရ ဦး နှုတ်ထွက်စာတင်

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ထိပ်ပိုင်းခေါင်းဆောင် ရ ဦး နှုတ်ထွက်စာတင်
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ အလံပုံ

 

ရန်ကုန် ၊ အောက်တိုဘာ၂၈ ။                  ။ မွန်ပြည်နယ်၏ အရေးပါသောပါတီတစ်ခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP) မှ ထိပ်ပိုင်း ခေါင်းဆောင် ၁ ဦးအပါအဝင် ပါတီဝင် ၇ ဦး ပါတီမှ နှုတ်ထွက်စာ တင်ထားကြောင်း သိရသည်။

"သူတို့ နှုတ်ထွက်စာတော့ တင်ထားတယ်၊ ကျွန်တော်တို့ CEC အစည်းအဝေး မထိုင်ရသေးဘူး။ အသေးစိတ် တော့ ပြောလို့ မရသေးဘူး" ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဗဟိုတွဲဖက်အတွင်းရေးမှူး နိုင်စံတင်က မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ မော်လမြိုင်မြို့နယ် ဥက္ကဋ္ဌ နိုင်အောင်ချမ်း၊ မြို့နယ်အတွင်းရေးမှူး နိုင်အောင်သန်း အပါအဝင် ပါတီဝင် ၇ ဦး ဖြစ်ပြီး အောက်တိုဘာ ၂၅ ရက်နေ့က နှုတ်ထွက်စာ တင်ပြီး ဖြစ်ကြောင်း သိရသည်။

နှုတ်ထွက်စာတင်ရသည့် အကြောင်းရင်းအား အသေးစိတ်မသိရှိရသေးသော်လည်း မွန်ပါတီများ ပေါင်းစည်းရေးနှင့် သက်ဆိုင်ဖွယ်ရှိနေသည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

မွန်ပြည်နယ်၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ၊ မွန်အမျိုးသမီးပါတီ ၊ မွန်အမျိုးသားပါတီ စသည့်ဖြင့် ပါတီများ ရှိနေပြီး မွန်ပါတီတစ်ခုတည်းအဖြစ် ပေါင်းစည်းရန် ပြည်သူများက လိုလားလျက်ရှိနေသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ချောင်းဆုံမြို့နယ် အတွင်းရေးမှူးဖြစ်သူ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦးသည် မွန်ပါတီများ တစ်ပါတီအဖြစ် ပေါင်းစည်းနိုင်ခြင်း မရှိသည့်အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ နှုတ်ထွက်ထားသူလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly