ကျိုင်းတုံမြို့တွင် ကျပ် ၆၂၅၀၀ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများ ဖမ်းမိ

ကျိုင်းတုံမြို့တွင် ကျပ် ၆၂၅၀၀ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများ ဖမ်းမိ

အောက်တိုဘာလ ၂၇ ။           ။ ကျိုင်းတုံမြို့တွင် အောက်တိုဘာ ၂၅ ရက်နေ့ ကျပ် ၆၂၅၀၀ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများ ဖမ်းမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ကျိုင်းတုံမြို့အဝင် ဘီးခွန်ကောက်ခံရေး စခန်းတွင် မိုင်းပျင်းမြို့ဘက်မှ ကျိုင်းတုံမြို့သို့ မိုင်းပျင်းမြို့၊ ပိန်းဆန်းရပ်ကွက်နေသူ မြဝင်း (ဘ) ဦးမောင်အေး၊ ဓနု-ဗမာ/ဗုဒ္ဓ၊ မောင်းနှင်လာသည့် 6J/xxxx CROWN အမျိုးအစား မော်တော်ယာဉ်အားဖွေရာ ယာဉ်၏နောက်ခန်းမှ ပလတ်စတစ်စဖြင့် ပတ်လျက် GUAN YIN WANG နှင့် တရုတ်စာတမ်းပါ အဝါရောင်အိတ်များဖြင့်ထည့်ထားသော(အိုက်စ်( ခေါ် )မက်အက်ဖက်တမင်း ဟိုက်ဒြိုကလိုရိုက်) တစ်ကီလိုခန့်စီပါ ၂၅၀ အိတ်၊ စုစုပေါင်းအလေးချိန် ၂၅၀ ကီလိုခန့် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းမိသူသအား တုံတာမြို့နေ ငြိမ်းချမ်းထမင်းဆိုင် ပိုင်ရှင် ဒေါ်နန်းရှဲန်က တာချီလိတ်မြို့သို့ ပို့ဆောင်ပေးရန် သယ်ဆောင်ခငွေကျပ် သိန်း ၃၀ ပေးသဖြင့် သယ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ဒေါ်နန်းရှဲန်အား ဖမ်းဆီးခဲ့ပြီး ၎င်းနေအိမ်အားရှာဖွေရာ 7L/xxxx CROWN အမျိုးအစား မော်တော်ယာဉ် ရောက်ရှိလာ၍ ရှာဖွေရာ စိုင်းအောင်ခမ်းအမည်ပါ နိင်ငံသားစိစစ်ရေး ကတ်ပြားမူရင်း တစ်ခု၊ မီးဖိုဆောင်ရှိ ကော်ဘူးအတွင်း၌ ဖန်ပုလင်းငယ်ဖြင့်ထည့်လျက် ဘိန်းရည် သုည ဒသမ ၁၁ လီတာ ၊ ခပ်ခူးရှုရာတွင် အသုံးပြုသည့် ဝါးပြောင်း တစ်ခု တို့ကို သိမ်းဆည်းရမိခဲ့သသည်။

လက်ရှိတွင် မြဝင်း(၂၅)နှစ်၊ (ဘ)ဦးမောင်အေး၊ ယာဉ်မောင်း၊ အမှတ်(ပ/၂၁)၊ ပိန်းဆန်းရပ်ကွက်၊ မိုင်းပျင်းမြို့နေသူနှင့် ဒေါ်နန်းရှဲန် ၊ (၄၆) နှစ်၊ (ဘ) ဦးကောလိန်ဒ၊ ငြိမ်းချမ်း ထမင်းဆိုင်ပိုင်ရှင်၊ အမှတ်(၃) ရပ်ကွက်၊ တုံတာမြို့နေသူတို့နှစ်ဦးအား ကျိုင်းတုံမြို့မရဲစခန်း မယ(ပ) ၁၃၀/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/၂၁ အရ အမှုဖွင့် အရေးယူထား သည်။

ထို့ပြင် အမှတ်(၃)ရပ်ကွက်၊ တုံတာမြို့၊အိုက်ကော(၄၃)နှစ်၊ (ဘ)ဦးလုံးစော၊ အမှတ် (ဝလ/၁၉၇)၊ ဆေခမ်းရပ်ကွက်၊ တာချီလိတ်မြို့နေသူနှင့် စိုင်းကြာ(၄၇)နှစ်၊ (ဘ) ဦးပီစိုင်း၊ ဈေးရောင်း၊ အမှတ် (၃/၁၂)၊ ပုန်းထွန် ၄ လမ်း၊ ပုန်းထွန်ရပ်ကွက်၊ တာချီလိတ်မြို့နေသူတို့အား တာချီလိတ်မြို့မရဲစခန်း မယ(ပ) ၆၀/ ၂၀၁၇၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူထားသည်။

ဓာတ်ပုံ-ပြည်ထဲရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly