၂၀၁၇ အာဆီယံဖူဆယ် ချန်ပီယံရှစ် ပွဲကြိုသတင်းစာရှင်းလင်းပွဲ ကျင်းပ

၂၀၁၇ အာဆီယံဖူဆယ် ချန်ပီယံရှစ် ပွဲကြိုသတင်းစာရှင်းလင်းပွဲ ကျင်းပ
(ဓာတ်ပုံ - MFF)

ဗီယက်နမ်နိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၇ခုနှစ် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ ၂၅ရက်နေ့ နေ့လည်ပိုင်းက ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ First Hotel မှာ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဗီယက်နမ် အသင်းနည်းပြ Miguel Rodrigo(မီဂူရယ်ရိုဒရင်ဂို) က “ဒီပြိုင်ပွဲမတိုင်ခင်မှာ ပြင်ဆင်မှုအနေနဲ့ တရုတ်ဖိတ်ခေါ်ဖလားဝင်ပြိုင်ခဲ့ပါတယ်။ အာဆီယံဒေသတွင်းမှာ ဖူဆယ်ကစားနည်းတိုးတက်လာမှုက တကယ်မြန်ဆန်ပါတယ်။ အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်တဲ့ မြန်မာ၊ အင်ဒို အသင်းတွေကလဲ အသင်းကောင်းတွေဖြစ်လို့ ပွဲစဉ်တိုင်းကို လေးလေးစားစားယှဉ်ပြိုင်သွားမှာပါ။ အိမ်ရှင်အားသာချက်နဲ့ နောက်တစ်ဆင့်တက်အောင် စွမ်းဆောင်သွားမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။

ဦးကြည်မင်းသိန်း  (မြန်မာ့လက်ရွေးစင် ဖူဆယ်ဘောလုံးအသင်း အုပ်ချုပ်သူ) က “မြန်မာအသင်းနည်းပြချုပ် အနေနဲ့ အသင်းလေ့ကျင့်ရေးအစီအစဉ်ရှိနေတာကြောင့် ဒီနေ့ပွဲကို မတက်ရောက်နိုင်ပါဘူး။ ပထမဆုံးအနေနဲ့ အစစအရာရာအဆင်ပြေအောင် စီစဉ်ပေးတဲ့ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်ကို ကျေးဇူးတင်ပါတယ်။ ဗီယက်နမ်၊ အင်ဒိုတို့ပါဝင်တဲ့ အုပ်စုဟာ ခက်ခဲပါတယ်။ ကျနော်တို့ အသင်းအနေနဲ့ အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ။”လို့  ပြောကြားခဲ့ပါတယ်။

 “ဘရူနိုင်အသင်းအနေနဲ့ ပြည်တွင်းမှာပဲ လေ့ကျင့်ခဲ့ပါတယ်။ ပြည်ပအသင်းတွေနဲ့ ခြေစမ်းကစားတာမျိုး မရှိခဲ့ပါဘူး။ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ လုပ်နိုင်သမျှ အကောင်းဆုံး ကြိုးစားကစားသွားမှာပါ။”လို့ ဘရူနိုင်းအသင်းနည်းပြချုပ် HJ MD Yusof က ပြောဆိုခဲ့ပါတယ်။

အာဆီယံဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ဘရူနိုင်းအသင်းတို့ ယနေ့ အောက်တိုဘာ ၂၆ရက်နေ့ မြန်မာစံတော်ချိန် ၁၁ နာရီ ၃၀မိနစ်မှာ ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly