ဘုရင်ကြီးဘူမိဘော၏ စျာပနတော် စတင်ဖွင့်လှစ်၊ ပူဆွေးဝမ်းနည်းကြသော ပြည်သူများ စုံရုံးရောက်ရှိနေ

ဘုရင်ကြီးဘူမိဘော၏ စျာပနတော် စတင်ဖွင့်လှစ်၊ ပူဆွေးဝမ်းနည်းကြသော ပြည်သူများ စုံရုံးရောက်ရှိနေ

ဘန်ကောက်၊ အောက်တိုဘာ ၂၅ ။         ။ ထိုင်းဘုရင်ကြီး ဘူမိဘော၏ ရုပ်ကလာပ်တော်အား အောက်တိုဘာ ၂၆ ရက်တွင် မီးသဂြိုဟ်တော့မည့်ဖြစ်ရာ လောင်တိုက်တော်ရှိရာသို့ ပေးဝင်မည့် စစ်ဆေးရေဂိတ်များအား ယနေ့ အောက်တိုဘာ ၂၅ ရက်တွင် စတင်ဖွင့်လှစ်ပြီဖြစ်သည်။

ထိုစစ်ဆေးရေးဂိတ်များမှတစ်ဆင့် ဝင်ရောက်ခွင့်ရရန် စီတန်းစောင့်ဆိုင်းနေသည့် ပြည်သူများမှာ ထောင်ပေါင်းများစွာ ရှိနေသည်။

ဘုရင်ကြီး၏ ဈာပနတော်သည် ထိုင်းတစ်နိုင်ငံလုံး စုစုစည်းစည်းရှိနေသည့် တစ်ခုသော ဝမ်းနည်းဖွယ် အခါသမယလည်း ဖြစ်သည်။ ရာစုနှစ် တစ်ခုစာအတွင်း ထိုင်းတော်ဝင်နန်းတော်အဖြစ်အပျက်များမှ အကြီးကျယ်ဆုံး အခမ်းအနားလည်း ဖြစ်သည်။

မိုးများ သည်းထန်စွာ ရွာသွန်းနေသည့်ကြားက အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ထားသော ပြည်သူထောင်ပေါင်းများစွာသည် လောင်တိုက်တော်ရှိရာ ဘန်ကောက်နန်းတော်ရာအနီး စုရုံးလျက်ရှိကြခြင်း ဖြစ်သည်။

ဆိုင်များနှင့် တည်းခိုခန်းများက ဈာပနတော်အတွက် လာရောက်ကြသည့် ပြည်သူများကို အစားအစာများ၊ နေ့စဉ်သုံးပစ္စည်းများနှင့် လိုအပ်သော အကူအညီများ ဝေငှပေးကမ်းကြသည်။
လုပ်ငန်းဆိုင်ခန်းများကလည်း ထိုပြည်သူများအား ၎င်းတို့၏ အိမ်သာများကို အခမဲ့သုံးခွင့်ပြုထားသည်။

များစွာသော စားသောက်ဆိုင်များနှင့် ဘားဆိုင်များက ဆေးဝါးများ၊ သောက်ရေသန့်များ၊ ခေါက်ဆွဲပြုတ်များ စသည့်ဖြင့် ပေးလှူကြသည်။

“ကျွန်မ ဒီနေရာမှာ နေ့တိုင်းစောင့်နေတာပါ။ ဘာကြောင့်လည်းဆိုတော့ ဘုရင်ကြီးလောင်တိုက်တော် ရှိရာကို ဝင်ခွင့်ရဖို့ပါပဲ။”ဟု ဘန်ကောက်မြို့ခံ
အသက် ၆၀ ရှိ အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

နိုင်ငံတကာဂုဏ်သရေရှိ ပုဂ္ဂိုလ်တော်ကြီးများပါ တက်ရောက်မည့် ဘူမိဘော၏ ဈာပနပွဲတော်သည် ထိုင်းတော်ဝင်သမိုင်းတွင် ရာစုနှစ်တစ်ခုစာအတွင်း အကြီးကျယ်ဆုံးလည်း ဖြစ်သကဲ့သို့ ထိုင်းပြည်သူများအတွက် ဝမ်းနည်းပူဆွေးဖွယ်နေ့လည်းဖြစ်သည်။

ဘုရင်ကြီးဘူမိဘောသည် ပြီးခဲ့သည့် ၂၀၁၆ အောက်တိုဘာ ၁၃ ရက်က နတ်ရွာစံကံတော်ကုန်ခြင်းဖြစ်ကာ ထိုင်းထီးနန်းကို နှစ်ပေါင်း ၇၀
အုပ်ချုပ်စိုးစံခဲ့သော ပြည်သူချစ်မြတ်နိုးကြည်ညိုသည့် ဘုရင်တစ်ပါးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly