ဝင်းဂါးရောက်ပြီးနောက်ပိုင်း မွေးဖွားသည့်ကစားသမားများထဲမှ အသင်းအတွက် ပထမဆုံးဂိုးသွင်းနိုင်သူ အန်ကီတီယက် ဖြစ်လာ

ဝင်းဂါးရောက်ပြီးနောက်ပိုင်း မွေးဖွားသည့်ကစားသမားများထဲမှ အသင်းအတွက် ပထမဆုံးဂိုးသွင်းနိုင်သူ အန်ကီတီယက် ဖြစ်လာ

 

အောက်တိုဘာ ၂၅၊ လန်ဒန်။                         ။ အက်ဒီ အန်ကီတီယက်သည် အာဆင်နယ်အသင်းသို့ အာစင်ဝင်းဂါးရောက်ရှိပြီး နောက်ပိုင်းမွေးဖွားသည့် ကစားသမားများအနက် အသင်းအတွက် ပထမဆုံးဂိုးသွင်းပေးနိုင်သူ ဖြစ်လာခဲ့သည်။

အသက် ၁၈ နှစ်အရွယ် အန်ကီတီယက်သည် အာဆင်နယ်အသင်းက နော့ရစ်ချ်ကို ၂-၁ ဂိုးဖြင့်အနိုင်ရသည့် Carabao ဖလားပွဲ တွင် ပွဲချိန် ၈၅ မိနစ်၌လူစားဝင်လာပြီး ပထမဆုံးဘောလုံးထိချက်မှပင် ဂိုးရရှိခဲ့ပြီး အနိုင်ဂိုးကိုလည်း အချိန်ပိုတွင် ခေါင်းတိုက် သွင်းယူခဲ့သည်။

သို့ဖြစ်ရာ အာဆင်နယ်အသင်းကို ကွာတားဖိုင်နယ်သို့ပို့ဆောင်ပေးနိုင်ခဲ့ရုံသာမကဘဲ ၎င်း၏အမည်ကိုလည်း သမိုင်းမှတ်တမ်း တင်နိုင်ခဲ့သည်။

လန်ဒန်တောင်ပိုင်း လီဝစ်ဟမ်းတွင် မွေးဖွားခဲ့သည့် အန်ကီတီယက်သည် ဘောလုံးသမားဘဝအစကို ချယ်လ်ဆီးအကယ်ဒမီနှင့် စတင်ခဲ့သည်။

သို့သော်လည်း ၂၀၁၅ ခုနှစ်တွင် ချယ်လ်ဆီးလူငယ်နည်းပြများက ကြံ့ခိုင်မှုပိုင်းအားနည်းသည့်အကြောင်းပြချက်ဖြင့် အကယ်ဒမီမှ ထွက်ခွာခွင့်ပြုခဲ့သည်။

ယင်းနောက် အာဆင်နယ်အသင်းက ဖိတ်ခေါ်ကာခြေစွမ်းစမ်းသပ်ခဲ့ပြီး ၎င်း၏ခြေစွမ်းပါရမီကို လွန်စွာနှစ်သက်သဖြင့် စာချုပ်အလျှင်အမြန်ကမ်းလှမ်းချုပ်ဆိုခဲ့သည်။

“ချယ်လ်ဆီးမှာ အန်ကီတီယက်ဘာဖြစ်ခဲ့လဲတော့မသိဘူး။ ဒါပေမဲ့ ကျွန်တော်တို့အတွက်တော့ သူဂိုးသွင်းပေးခဲ့တယ်”ဟု အာစင်ဝင်းဂါးက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly