မကြာမီတွင် စစ်မှုထမ်းတာဝန်ပြီးဆုံး၍ စစ်တပ်ထဲမှထွက်ခွာတော့မည့် လီဆန်ဂီ

မကြာမီတွင် စစ်မှုထမ်းတာဝန်ပြီးဆုံး၍ စစ်တပ်ထဲမှထွက်ခွာတော့မည့် လီဆန်ဂီ

 

တောင်ကိုရီးယားမင်းသား လီဆန်ဂီသည် လာမည့်အပတ်တွင် သူ၏စစ်မှုထမ်းတာဝန် ထမ်းဆောင်ခြင်းကာလ ပြီးမြောက်သွားပြီဖြစ်တာကြောင့် စစ်တပ်ထဲမှ ထွက်ခွာတော့မည်ဖြစ်သည်။

အောက်တိုဘာလ ၂၅ရက်နေ့တွင် Hook Entertainment က “လီဆန်ဂီဟာ အောက်တိုဘာလ ၃၁ရက်နေ့မှာ သူ့ရဲ့တာဝန်ပြီးမြောက်တာကြောင့် စစ်တပ်ထဲကနေ ထွက်ခွာလာမှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်လက်ပြီး “ကျနော်တို့ဟာ အဲ့ဒီနေ့ကျရင် တရားဝင်သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်သွားဖို့ အစီအစဉ်မရှိပါဘူး။ ဒါပေမယ့်လည်း လီဆန်ဂီကတော့ စစ်တပ်စခန်းရှေ့မှာ သူ့ရဲ့ပရိသတ်တွေကို နှုတ်ဆက်ချင်နေပါတယ်” ဟု ထိုကြေညာချက်ထဲ၌ ဖော်ပြထားသည်။

လီဆန်ဂီသည် တီဗီအစီအစဉ်များနှင့် ဒရာမာဇာတ်လမ်းတွဲများ၌ ပါဝင်သရုပ်ဆောင်ပေးရန် ကမ်းလှမ်းချက် အများအပြား ရရှိထားသည်။ မကြာသေးခင်က ပြုလုပ်ခဲ့သောအင်တာဗျူးထဲ၌ အနုပညာလောကထဲသို့ ပြန်လည်ခြေချတော့မည့် အကြောင်းနှင့်ပက်သက်၍ လီဆန်ဂီက သူသည် သရုပ်ဆောင်၊ ဂီတ၊ တီဗီအစီအစဉ် စသည့်နယ်ပယ်အသီးသီး၌ ပါဝင်သွားဖို့ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

အဆိုတော်နှင့်သရုပ်ဆောင်ဖြစ်သူ လီဆန်ဂီသည် ပြီးခဲ့သော ၂၀၁၆ခုနှစ် ဖေဖေါ်ဝါရီ ၁ရက်နေ့က စစ်မှုထမ်းရန် စာရင်းပေးသွင်းခဲ့ပြီး ထို့နောက်တွင် အထူးတပ်ဖွဲ့ထဲ၌ တာဝန်ထမ်းဆောင်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly