ပိုလီယိုကင်းစင်ရေး အရပ်ဖက်အဖွဲ့အစည်းများနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည်

ပိုလီယိုကင်းစင်ရေး အရပ်ဖက်အဖွဲ့အစည်းများနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန် အောက်တိုဘာ ၂၄ ။            ။ မြန်မာနိုင်ငံတွင် ကလေးငယ်များ ပိုလီယိုအကြော သေရောဂါကင်းစင်ရေးအတွက် နိုင်ငံတကာအရပ် ဖက်အဖွဲ့အစည်းများနှင့် ကျန်းမာရေးဝန်ကြီးဋ္ဌာနတို့ ပူးပေါင်း၍ ပညာပေးလှုံ့ဆော်မှုများဆောင်ရွက်နိုင် ရန်စီစဉ်နေသည်ဟု Rotery Club of yangon မှ ဒေါ်စန္ဒီလွင်က ပြောသည်။

ယနေ့ အောက်တိုဘာလ ၂၄ ရက် နေ့၊ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ Chatrium Hotel တွင် ပြုလုပ်ခဲ့သည့် World Polio Day Partnership Appreciation ကမ္ဘာ့ပိုလီယိုနေ့အထိမ်းအမှတ်၊ လက်တွဲဆောင်ရွက်ခြင်း၊ အသိအမှတ်ပြု မိတ်ဆုံ အခမ်းအနား တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကမ္ဘာမှာလည်း ကမ်းပိန်းတွေက လုပ်ကြတာပဲ၊ မြန်မာပြည်တွင်းမှာလည်း ပိုလီယိုကမ်ပိန်းတွေ လုပ်ဖို့ ကျွန်မတို့ကလည်း Rotery မန်ဘာအနေနဲ့ ဆက်လက်ပြီးလုပ်ပေးဖို့ ကျန်းမာရေးဝန်ကြီးဋ္ဌာနနဲ့ ပူးတွဲပြီးလုပ်ဖို့ စီစဉ်နေပါတယ်" ဟု ဒေါ်စန္ဒီလွင်က ပြောသည်။

World Polio Day Partnership Appreciation အခမ်းအနားကို Rotery Club of yangon က ဦးဆောင်ကျင်းပ ခဲ့ပြီး၊ မြန်မာနိုင်ငံအတွင် ပိုလီယိုအကြောသေ ကာကွယ်ဆေးတိုက်ကျွေးခြင်း အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

"ကျွန်တော်တို့ Rotery Club အနေနဲ့၊ ကမ္ဘာ့ပိုလီယိုအသိအမှတ်ပြုတဲ့နေ့ဆိုတော့ Rotery International အနေနဲ့ကလည်း ပိုလီယိုတိုက်ဖျက်ရေးအတွက်ကို ပံ့ပိုးထားတာတွေ အများကြီးရှိတယ်၊ နှစ်ပေါင်း ၃၀ ကျော် ပံ့ပိုးလာ တာဆိုတော့ ဒါကို အထိမ်းအမှတ်ပြုတဲ့အနေနဲ့ ကျွန်တော်တို့မိတ်ဖက်အဖွဲ့အစည်းတွေခေါ်ပြီး ဂုဏ်ပြုဧည့်ခံပွဲလေး လုပ်တာပါ" ဟု Rotery Club of yangon မှ ဦးစိုင်းဝမ်က ပြောသည်။

ယင်းအခမ်းအနားကို Unicef အပါအဝင် ပြည်တွင်းပြည်ပအရပ်ဖက်အဖွဲ့အစည်းများနှင့် ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ တာဝန်ရှိသူအချို့ တက် ရောက်ခဲ့သည်။

ပိုလီယိုအကြောသေရောဂါသည် ကူးစက်လွယ် ရောဂါတစ်မျိုးဖြစ်သည်။ ပိုလီယိုဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားကာ ဦးနှောက်အာရုံကြောစနစ်ကို ထိခိုက် စေပြီး အကြောသေကာ အသက်ဆုံးရှုံးစေနိုင် သည်အထိဖြစ်ပွားနိုင်သည်။ ပိုလီယိုရောဂါပိုးသည် ကာကွယ်ဆေး အပြည့်အ၀ မတိုက်ထားသည့် ၅ နှစ်အောက်ကလေးငယ်များတွင် ဖြစ်တတ်ကြောင်း၊ ပိုလီယိုရောဂါပိုးသယ်ဆောင်ထားသူတစ်ဦး၏ မစင်နှင့် ထိတွေ့ထားသည့်အစာကို စားမိသည့် အခါ၊ ရေသောက်မိတဲ့အခါ ပိုလီယိုဗိုင်းရပ်စ်ပိုးက ပါးစပ်ကနေတစ်ဆင့် ကိုယ်ထဲကို ဝင်ရောက်တတ် ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ပါဝင်သည့် ပိုလီယိုအစက်ချကာကွယ်ဆေးသည် ပိုလီယိုဗိုင်းရပ်စ်ပိုးအမျိုးအစား ၃ မျိုးစလုံးကို ကာကွယ်ပေးသော်လည်း အားပျော့သည့်အတွက်

ပိုလီယိုအသွင်ပြောင်းပိုး ဖြစ်နိုင်ကြောင်းသိရသည်။ ထို့ကြောင့် ယခုနောက်ပိုင်းတွင် ပိုလီယိုကာကွယ် ဆေးများကို စီမံချက်ချမှတ်၍ ထည့်သွင်းထိုး နှံပေးလျှက်ရှိသည်။

ထို့ပြင် တိုးချဲ့ကာကွယ်ဆေးအနေဖြင့် ကာကွယ် နိုင်သည့်ရောဂါ ၁၀ မျိုးကို ၁ နှစ်လျှင် ကလေးငယ် ၁ သန်း၊ နှစ်စဉ်ကာကွယ်ဆေး ထိုးပေးနေသည်။၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံရှိကလေးငယ်များအားလုံး

ပိုလီယိုအပါအဝင် ရောဂါ ၁၁ မျိုး ကာကွယ်နိုင်ရန်ထိုးနှံပေးနေခြင်းဖြစ်သည်။

ကာကွယ်နိုင်သည့်ရောဂါကာကွယ် ဆေးများကိုလည်း ထပ်မံဖြည့်တင်းနေပြီး၊ ထပ်တိုးကာကွယ်ဆေးများထဲတွင် ဂျပန်ဦးနှောက် ရောင်ကာကွယ်ဆေးပါဝင်လာသလို လာမည့်နှစ် တွင်လည်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး၊ သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေးများကို ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly