၁၂ကြိမ်မြောက် အာရှဒရာမာညီလာခံ၌ အထူးဂုဏ်ပြုဆုလက်ခံရရှိမည့် YoonA

၁၂ကြိမ်မြောက် အာရှဒရာမာညီလာခံ၌ အထူးဂုဏ်ပြုဆုလက်ခံရရှိမည့် YoonA

 

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တွင် ကျင်းပပြုလုပ်မည့် ၁၂ကြိမ်မြောက် အာရှဒရာမာညီလာခံတွင် Girls’ Generation အဖွဲ့ဝင်နှင့် မင်းသမီးဖြစ်သူ YoonA သည် အထူးဂုဏ်ပြုဆုကို လက်ခံရရှိသွားမည်ဖြစ်သည်။

အောက်တိုဘာလ ၃၀ ရက်နေ့တွင် အင်ချွန်းမြို့၌ကျင်းပမည့် ၁၂ ကြိမ်မြောက် အာရှဒရာမာညီလာခံ၌ YoonA နှင့် တရုတ်မင်းသား Luo Jin တို့သည် အာရှယဉ်ကျေးမှုခြင်းဖလှယ်ကာ ရိုက်ကူးထားသည့် သူတို့၏ဒရာမာ ဇာတ်လမ်း God of War, Zhao Yun အတွက် အထူးဂုဏ်ပြုဆုများ ရရှိသွားမည်ဖြစ်သည်။

ပြီးခဲ့သောနှစ်က YoonA ပါဝင်သရုပ်ဆောင်ထားသည့် God of War, Zhao Yun ဒရာမာဇာတ်လမ်းတွဲကို တရုတ်ပြည်၌ ထုတ်လွှင့်ပြသခဲ့ပြီး အောင်မြင်မှုများအကြီးအကျယ်ရရှိခဲ့သည်။ ထိုဇာတ်လမ်းတွဲသည် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် လူကြည့်အများဆုံး စံချိန်သစ်တစ်ခုရရှိခဲ့ပြီး အွန်လိုင်းပေါ်မှကြည့်ရှုအကြိမ်ရေ ဘီလျံ ၁၀ ခန့်အထိ ရှိခဲ့သည်။

အာရှဒရာမာညီလာခံသည် အကြီးမားဆုံးသော ဒရာမာညီလာခံတစ်ခုဖြစ်ပြီး သြဇာကြီးမားသော ဇာတ်ညွှန်း ရေးဆရာများ၊ ထုတ်လုပ်သူများနှင့် သရုပ်ဆောင်များ တက်ရောက်ကြသည့် ပွဲကြီးတစ်ခုဖြစ်သည်။ ထိုညီလာခံ သည် အနုပညာရှင်များအား စိတ်ကူးစိတ်သန်းအသစ်များ၊ နိုင်ငံရပ်ခြားအနုပညာလုပ်ငန်းများနှင့် ပူးတွဲရုပ်ရှင် ထုတ်လုပ်မှုများ လုပ်ဆောင်နိုင်ခွင့်ပေးသော ညီလာခံကြီးတစ်ခုဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly