ဘင်္ဂလားပင်လယ်အော်အတွင်းရှိ လေဖိအားနည်းရပ်ဝန်း ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်

ဘင်္ဂလားပင်လယ်အော်အတွင်းရှိ လေဖိအားနည်းရပ်ဝန်း ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်
ဓာတ်ပုံ - မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

 

ရန်ကုန် ၊ အောက်တိုဘာ ၁၇ ။            ။ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အောက်တိုဘာ ၁၇ ရက်နေ့ နံနက်ပိုင်း ၆ နာရီ အချိန် တိုင်းထွာချက်အရ နောက်ထပ် ၁၂ နာရီအတွင်း မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိလာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မုန်တိုင်းငယ်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက် လေပြင်းများကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ပြီး  လှိုင်းအမြင့်သည်  (၆)ပေမှ (၉)ပေခန့် ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။

လေတိုက်ခတ်နှုန်း အနေဖြင့် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ယင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။  

" မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့ဒေသနဲ့မွန်-တနင်္သာရီ ကမ်းရိုးတန်း ဒေသတွေမှာ မိုးကောင်းပြီး ဒေသအလိုက် မိုးကြီးနိုင်ပါတယ်" ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ဦးထွန်းလွင်က သုံးသပ်ထားသည်။

မုန်တိုင်းကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း တို့ကို မိုးသည်းနိုင်သည့် နေရာများ  သတ်မှတ်ထားသည်။

မြစ်ရေအခြေအနေအနေဖြင့် စစ်တောင်းမြစ်ရေသည် တောင်ငူမြို့၏ စိုးရိမ်ရေမှတ် အထက် ၁ပေ နီးပါး ကျော်လွန်ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly