မန်ယူအသင်းမှာ ၎င်းရဲ့ နည်းပြဘဝ အဆုံးသတ်လိမ့်မည် မဟုတ်ကြောင်း မော်ရင်ဟို ပြော

မန်ယူအသင်းမှာ ၎င်းရဲ့ နည်းပြဘဝ အဆုံးသတ်လိမ့်မည် မဟုတ်ကြောင်း မော်ရင်ဟို ပြော
(ဓာတ်ပုံ - အီးပီအေ)

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဟိုဆေးမော်ရင်ဟိုက သူဟာ လက်ရှိ ပရီးမီးယားလိဂ်ကလပ်မှာ ၎င်းရဲ့ နည်းပြဘဝ အဆုံးသတ်သွားရန် မရည်ရွယ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။ 

မန်ယူအသင်းနှင့် ဒုတိယရာသီကို ဖြတ်သန်းနေတဲ့ အသက် ၅၄ နှစ်အရွယ်ရှိ ပေါ်တူဂီလူမျိုးနည်းပြဟာ ၎င်းကိုင်တွယ်ခဲ့တဲ့ အသင်းတစ်သင်းကို ၄ နှစ်ထက်ကျော်ပြီး တာဝန်ယူကိုင်တွယ်လေ့မရှိတာကို တွေ့ရပါတယ်။

မော်ရင်ဟိုက ပြင်သစ်ရုပ်သံလိုင်းတစ်ခုကို ပြောကြားရာမှာ သူက ပီအက်စ်ဂျီအသင်းဟာ ဆွဲဆောင်မှုရှိတဲ့ ကလပ်အသင်းတစ်သင်းဖြစ်တယ်လို့ ထင်မြင်ကြောင်း ပြောပါတယ်။

 “ကျနော်က စိုးရိမ်ပူပန်မှု၊ ရည်ရွယ်ချက်တွေနှင့်အတူ နည်းပြတစ်ဦးအဖြစ် ရှိနေဆဲပါ။ ပြီးတော့ အသစ်သစ်ဖြစ်တဲ့ အရာတွေကို လုပ်ဆောင်ဖို့ ဆန္ဒတွေရှိပါတယ်။”လို့ မော်ရင်ဟိုက ပြောပါတယ်။

ချယ်လ်ဆီး၊ ရီးယဲလ်မက်ဒရစ်၊ အင်တာမီလန်နှင့် ပေါ်တိုအသင်းတို့ရဲ့ နည်းပြဟောင်းက “မန်ယူအသင်းမှာ ကျနော့်နည်းပြဘဝကုန်းဆုံးမှာ မဟုတ်ဘူးဆိုတော့ သေချာပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။

မန်ယူအသင်းနှင့်အတူ ပထမရာသီမှာ လိဂ်ဖလားနှင့် ယူရိုပါလိဂ်ဖလားတို့ကို ဆွတ်ခူးပေးခဲ့သူ မော်ရင်ဟိုက ၎င်းရဲ့သားဟာ မကြာသေးမီက ပီအက်စ်ဂျီအသင်း ကစားတဲ့ပွဲကို စောင့်ကြည့်ဖို့ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

“ပဲရစ်လား? အဲဒီနေရာမှာ ထူးခြားတာတစ်ခုခု ရှိနေလို့ပေါ့။ မှော်ဝင်မှု၊ အရည်အသွေး၊ လူငယ်၊ ဒါတွေက ဆွဲဆောင်မှုရှိပါတယ်။ ”လို့ သူက ပြောပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly